အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ ဟင်းချက်နည်းကတော့ အိုမီဂါသရီး ဖက်တိအက်ဆစ်တို့ ကြွယ်ဝစွာပါဝင်တဲ့ ဆော်လမွန်ငါးကို အရသာရှိတဲ့ အသားပြားကြော်အဖြစ် ကြော်စားနိုင်မယ့်နည်းပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • မိရောနိစ် စားပွဲတင်ဇွန်း ၄ ဇွန်း
  • သံပုယိုရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • မုန်ညှင်းနှစ် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ဆော်လမွန်ငါး ၁ ပေါင်

  • Panko ပေါင်မုန့်အကြေအစများ ၉၀ ဂရမ်
  • ကြက်သွန်မြိတ် ၃ ပင် (နုပ်နုပ်စဉ်းထားပါ)
  • တရုတ်နံနံ ၂ ပင် (ပါးပါးလှီးထားပါ)
  • ဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၈ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အရင်ဦးဆုံး ဆော်လမွန်ငါးကို အတုံးခပ်သေးသေး တုံးထားပါ။

၂။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် မိရောနိစ်၊ သံပုယိုရည်၊ မုန်ညှင်းနှစ်၊ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ သမအောင် ရောမွှေထားလိုက်ပါ။

၃။ ထိုပန်းကန်လုံးထဲသို့ ဆော်လမွန်ငါး၊ Panko ပေါင်မုန့် ၄ ပုံ ၁ ပုံခန့်၊ ကြက်သွန်မြိတ်၊ တရုတ်နံနံတို့ထည့်ကာ သမအောင် ရောနယ်ပေးလိုက်ပါ။

၄။ ရရှိလာတဲ့ ငါးအရောအနှောကို အသားပြားဖြစ်အောင် လုံးလိုက်ပါ။ ထို့နောက် ကျန်ရှိနေတဲ့ ပေါင်မုန့်မှုန်လေးများဖြင့် ကပ်ပေးလိုက်ပါ။

၅။ ရရှိလာတဲ့ ငါးအသားပြားများကို ပန်းကန်ပြားထဲ ထည့်ပြီးနောက် ရေခဲသေတ္တာထဲ အအေးခံထားလိုက်ပါ။ (အအေးမခံဘဲ တန်းကြော်လည်း ရပါတယ်)

၆။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ငါးအသားပြားများထည့်ပြီး ၂ မိနစ်ခန့် ကြော်ပေးလိုက်ပါ။

၇။ ငါးအသားပြားက ရွှေရောင်ပြောင်းသွားပါက အခြားတစ်ဖက်သို့လှန်ကာ နောက်ထပ် ၂ မိနစ်ခန့် ကြော်ပေးလိုက်ပါ။

အားလုံးကြော်ပြီးသွားတဲ့အခါမှာတော့ အရသာရှိတဲ့ ဆော်လမွန်ငါး အသားပြားကြော်များ ရရှိသွားပါပြီ။

Source: Onceuponachef.com