ဆယ်မွန်ငါးမှာပါဝင်တဲ့ Omega-3 တွေက ကြွက်သားတွေ တည်ဆောက်ရာမှာ အကူအညီပေးပါတယ်။ ကြွက်သားတွေပိုတည်ဆောက်နိုင်လေလေ၊ ကယ်လိုရီတွေပိုလောင်ကျွမ်းလေလေပါဘဲ။

ပါဝင်ပစ္စည်းများ

  • ဂျုံနဲ့လုပ်ထားတဲ့ ခေါက်ဆွဲ သို့ ဂျုံနဲ့လုပ်ထားတဲ့ Spaghetti ၄ အောင်စ
  • ကညွတ် ၅ အောင်စ၊ ကညွတ်တစ်ချောင်းကို ၃ ပိုင်းပိုင်းပါ။
  • နှမ်းဆီ စားပွဲတင်ဇွန်း ၁ဇွန်း
  • ဆယ်မွန် ၆အောင်စ တစ်တုံး၊ အတုံးသေး ၈ တုံးလောက်လှီးပါ။
  • သံပုရာသီး ၂လုံး ။

(သံပုရာအခွံကိုပါ ခြစ်နဲ့ ခြစ်ထားပြီး ယူထားပါ။)

ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်းရဲ့ ၄ ပုံ ၁ပုံ

ငရုတ်ကောင်း လက်ဖက်ရည်ဇွန်း ၁ဇွန်းရဲ့ ၄ ပုံ ၁ ပုံ

သခွားသီး ၄ အောင်စ (အခွံပါ) အလယ်အလတ်အရွယ်လောက်လှီးပါ။

ထောပတ်သီး ၁လုံးရဲ့ တစ်ဝက် (ကြီးကြီးလေး လှီးထားပါ။)

ပြုလုပ်နည်း

ပထမအဆင့်

ခေါက်ဆွဲတွေကို ရေပွက်ပွက်ဆူတဲ့အထဲ ထည့်ပြီး ပြုတ်ပေးပါ။ ခေါက်ဆွဲဖက်ကို ဆယ်ထားပါ။ ကညွတ်ကို ခုနက ခေါက်ဆွဲပြုတ်ထားတဲ့ ရေနွေးထဲထည့်ပါ။ ၂ မိနစ်လောက်ပြုတ်ပါ။ ရေအေးအောက်မှာ ဆေးပါ။

ဒုတိယအဆင့်

ဒယ်အိုးအပြားကိုအပူချိန် အလယ်အလတ်လောက်ပေးထားပါ။ပြီးရင် ဆီကို အနည်းငယ်လောက်ဘဲထည့်ပါ။ ဆယ်မွန်ကိုထည့်ကြော်ပါ။ ၂ မိနစ်-၃ မိနစ်လောက်ဘဲ ထည့်ကြော်ပါ။

တတိယအဆင့်

နှမ်းဆီ၊ သံပုရာခွံနဲ့ သံပုရာအရည်၊ ဆား၊ ငရုတ်ကောင်း တို့ကို ခွက်တစ်ခွက်ထဲမှာ ရောမွှေလိုက်ပါ။ ခေါက်ဆွဲ၊ ကညွတ် တို့နဲ့ အဲ့ဒီစပ်ထားတဲ့ အနှစ်တွေနဲ့ ရောနယ်လိုက်ပါ။

စတုတ္ထအဆင့်

သခွားသီး၊ ထောပတ်သီး တို့ကိုထည့်ပါ။ ပြီးရင် ဆယ်မွန်ထည့်ပါ။

အရသာလည်း ရှိပြီး အဆီတွေလောင်ကျွမ်းမှုကို မြန်စေတဲ့ ပူပူနွေးနွေး ဆယ်မွန်ခေါက်ဆွဲကို စားသုံးလို့ရပါပြီနော်။