အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ဆော်လမွန်ငါးရဲ့ ဖက်တိအက်ဆစ်ဓာတ်၊ ကြက်ဥရဲ့ ပရိုတင်းဓာတ်နဲ့ ထောပတ်သီးရဲ့ ဗီတာမင်ဓာတ်တို့ ကြွယ်ဝစွာပါဝင်တဲ့ ထမင်းတစ်ပွဲပြင်ဆင်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဆော်လမွန်ငါး ဝ.၅ ပေါင်
  • ငရုတ်ပွအနီ ၁ တောင့် (ပါးပါးလှီးထားပါ)
  • ကြက်ဥ ၁ လုံး (မကျက်တကျက် ပြုတ်ထားပါ)
  • ထောပတ်သီး တစ်ခြမ်း
  • ထမင်း ပန်းကန်လုံးတစ်လုံးစာ

  • ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဆားနှင့် ငရုတ်ကောင်းမှုန့်အနည်းငယ်
  • နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြီးနောက် ဆီထည့်ပါ။ ဆီပူလာပါက ဆော်လမွန်ငါးထည့်ပြီး ဆားနှင့် ငရုတ်ကောင်းမှုန့်အနည်းငယ် ဖြူးပေးလိုက်ပါ။

၂။ မီးအပူချိန်အနည်းငယ် လျှော့ပြီးနောက်မှာ ဆော်လမွန်ငါးကို ၅ မိနစ်၊ ၇ မိနစ်ခန့် ကြော်ပေးလိုက်ပါ။ ဆော်လမွန်ငါးက ၈၀ ရာခိုင်နှုန်းခန့် ကျက်သွားတဲ့အခါမှာတော့ အခြားတစ်ဖက်သို့လှန်ကာ နောက်ထပ် ၃ မိနစ်ခန့် ထပ်ကြော်ပေးလိုက်ပါ။

၃။ ရရှိလာတဲ့ ဆော်လမွန်ငါးကို ထမင်းပေါ် တင်ထားပြီးနောက် ဆော့စ်အနည်းငယ် ဖြူးထည့်လိုက်ပါ။

၄။ ဒယ်အိုးထဲသို့ နှမ်းဆီအနည်းငယ်ထပ်ထည့်ပါ။ ဆီပူလာပါက ငရုတ်ပွအနီထည့်ပြီး ၂ မိနစ်ခန့် ကြော်ပေးလိုက်ပါ။ ထို့နောက် ထမင်းပန်ကန်လုံးထဲသို့ ထည့်ထားလိုက်ပါ။

၅။ ထောပတ်သီးကို ခပ်ပါးပါးလှီးဖြတ်ထားပြီးနောက် ထမင်းပန်းကန်လုံးထဲသို့ ထည့်ထားလိုက်ပါ။ ကြက်ဥပြုတ်ကိုလည်း ထိုထမင်းပန်းကန်လုံးထဲသို့ ထည့်ထားပါ။

Source: Spicetheplate.com