အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ ဟင်းလျာလေးကတော့ ကြက်သားကြော်ကို အငန်အစပ်အရသာလေး ပါဝင်အောင် ကြော်ထားတဲ့ ဟင်းချက်နည်းပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်သား ၄၅၀ ဂရမ် (အနေတော် အတုံး တုံးထားပါ)
  • ကြက်ဥ ၁ လုံး (မွှေခလောက်ထားပါ)
  • ပြောင်းမှုန့် ၁၂၈ ဂရမ်
  • ဟင်းသီးဟင်းရွက်ဆီ ၆၀ မီလီလီတာ
  • ပူစီနံရွက် တစ်စည်း (ပါးပါးလှီးထားပါ)

  • ကြက်သွန်ဖြူ ၃ မြွှာ (ပါးပါးလှီးထားပါ)
  • ပါးပါးလှီးထားသော ဂျင်း လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • သကြားညို လက်ဖက်ရည်ဇွန်း ၃ ဇွန်းနှင့် ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် ကြက်သားထည့်ကာ ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း၊ ကြက်သွန်ဖြူ၊ ဂျင်း၊ သကြားညို လက်ဖက်ရည်ဇွန်း ၂ ဇွန်းနှင့် ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်တို့ထည့်ကာ သမအောင် နယ်ပေးလိုက်ပါ။ ထို့နောက် အနည်းဆုံး မိနစ် ၃၀ ခန့် (သို့) တစ်ညလုံး သိပ်ထားပေးလိုက်ပါ။

၂။ ပန်းကန်လုံးအသေးတစ်လုံးထဲတွင် ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ သကြားညို လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့ထည့်ကာ သမအောင် မွှေပေးလိုက်ပါ။ (မဆလာမှုန့်အနည်းငယ် ထပ်ထည့်ပေးလို့လည်း ရပါသေးတယ်။)

၃။ မွှေခလောက်ထားသော ကြက်ဥကို ကြက်သားပန်းကန်လုံးထဲထည့်ကာ သမအောင် မွှေလိုက်ပါ။ ထို့နောက် ပြောင်းမှုန့်ထည့်ကာ မုန့်နှစ်များရသွားအောင် ထပ်မွှေပေးရပါမယ်။

၄။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ကြက်သားတုံးများထည့်ကာ ၃ မိနစ်ခန့် ကြော်ပါ။ အခြားတစ်ဖက်သို့ ထပ်လှန်ပြီး နောက်ထပ် ၃ မိနစ်ခန့် ကြော်ပေးရပါမယ်။ ကြက်သားတုံးများ ရွှေညိုရောင် ပြောင်းသွားပါက ပန်းကန်ထဲ ခပ်ထည့်ထားပါ။

၅။ ပူစီနံရွက်ကို ဒယ်အိုးထဲထည့်ပြီး စက္ကန့် ၃၀ ခန့် ကြော်ပေးလိုက်ပါ။ ထို့နောက် ပန်းကန်ပြားထဲသို့ ဆယ်ထည့်ထားပါ။ ကြက်သားကြော်ကို အဆင့် (၂) က ပြုလုပ်ထားသော ဟင်းခပ်မှုန့် တစ်ဝက်ခန့်ဖြင့် ရောမွှေပေးလိုက်ပါ။ ထို့နောက် ပူစီနံရွက်ထည့်ကာ သမအောင် ထပ်မွှေပေးလိုက်ပါ။

ဒါဆိုရင်တော့ အနံ့လည်းမွှေး အရသာလည်းရှိတဲ့ ကြက်သားကြော်လေး ရရှိသွားပါပြီ။

Source: Omnivorescookbook.com