အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ အစားအစာ ပြင်ဆင်ပြုလုပ်နည်းကတော့ ဝက်နံရိုးအစပ်ကြော် ကြော်နည်းပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဝက်နံရိုး အတုံးကြီး ၄ တုံး
  • ကြက်ဥအကာ ၁ လုံး
  • ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ
  • ပြောင်းမှုန့် စားပွဲတင်ဇွန်း ၁၂ ဇွန်း
  • ဆီ

  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
  • ကြက်သွန်ဖြူ ၁ ဥ (အခွံခွာပြီး ပါးပါးလှီးပါ)
  • ကုလားအော်သီး ၂ လုံး (ပါးပါးလှီးပါ)
  • ကြက်သွန်မြိတ် ၂ ပင် (နုပ်နုပ်စဉ်းပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် ကြက်ဥအကာထည့်ပြီးနောက် ဆား လက်ဖက်ရည်ဇွန်းတစ်ဝက်ထည့်ကာ အမြှုပ်များ ထွက်လာသည်အထိ မွှေခလောက်လိုက်ပါ။

ထို့နောက် ထိုပန်းကန်လုံးထဲသို့ ဝက်နံရိုးများထည့်ကာ သမအောင် နယ်ပါ။ ထို့နောက် ရေခဲသေတ္တာထဲတွင် မိနစ် ၃၀ ခန့် နှပ်ထားလိုက်ပါ။

၂။ သတ်မှတ်ချိန်ပြည့်ပါက ပြောင်းမှုန့်များထည့်ကာ သမအောင် နယ်ပါ။ ထို့နောက် ၁၀ မိနစ်ခန့် နှပ်ထားပါ။

၃။ ဒယ်အိုးကို အပူပေးကာ ဆီ ထည့်ပါ။ ဆီပူလာပါက ဝက်နံရိုးများထည့်ကာ ၅ မိနစ်၊ ၇ မိနစ်ခန့် ကြော်ပေးလိုက်ပါ။ ဝက်နံရိုးများ ရွှေညိုရောင် ပြောင်းသွားပါက ပန်းကန်ထဲ ပြောင်းထည့်ထားပါ။

၄။ ထို့နောက် ဒယ်အိုးထဲတွင် ဆီအများကြီး ကျန်ခဲ့ပါက ဆီများကို ခပ်ထုတ်ထားပါ။ ဒယ်အိုးထဲတွင် ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းခန့်သာ ချန်ထားခဲ့ပါ။

ပြီးရင်တော့ နုပ်နုပ်စဉ်းထားသော ကြက်သွန်ဖြူများထည့်ကာ ဆီသတ်ပါ။ ထို့နောက် ပါးပါးလှီးထားသော ကုလားအော်သီးများထည့်ပါ။ ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် ငရုတ်ကောင်းမှုန့်များထည့်ကာ စက္ကန့် ၃၀ ခန့် ဆီသတ်ပါ။

၅။ ထို့နောက် ကြော်ထားသော ဝက်နံရိုးများထည့်ကာ စက္ကန့် ၄၀ ခန့် မွှေကြော်ပေးလိုက်ပါ။

အားလုံးပြီးသွားတဲ့အခါမှာတော့ အရသာရှိတဲ့ ဝက်နံရိုးကြော် စပ်စပ်လေးများ ရရှိသွားပါပြီ။

Source: Kawalingpinoy.com