အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာဝေမျှပေးချင်တဲ့ဟင်းလျာလေးကတော့ အနံ့မွှေးမွှေးလေးနဲ့ ကြွပ်ရွပြီး စားလို့ကောင်းတဲ့ ပုစွန်အစပ်ကြော် ကြော်နည်းပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပုစွန် ၄၅၀ ဂရမ်
  • ပြောင်းမှုန့် ၆၄ ဂရမ်
  • ဆားနှင့် ငရုတ်ကောင်းမှုန့်အနည်းငယ်
  • ဟင်းသီးဟင်းရွက်ဆီ ၁၂၅ မီလီလီတာ
  • ကြက်သွန်ဖြူ ၃ မြွှာ (နုပ်နုပ်စဉ်းထားပါ)နှင့် ငရုတ်သီး ၃ တောင့် (ပါးပါးလှီးထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပုစွန်ကို ရေဖြင့် စင်ကြယ်အောင် ဆေးကြောပြီးနောက် သန့်စင်သောအဝတ်စဖြင့် ခြောက်အောင် သုတ်ထားလိုက်ပါ။

၂။ လင်ဗန်းတစ်ခုပေါ်တွင် ဆားအနည်းငယ်နှင့် ပြောင်းမှုန့် ၆၄ ဂရမ်ထည့်ကာ သမအောင်ရောနှောထားလိုက်ပါ။ ထို့နောက် ပုစွန်ထည့်ကာ ပြောင်းမှုန့်ဖြင့် ကပ်ပေးလိုက်ပါ။

၃။ ပန်းကန်လုံးအသေးတစ်လုံးထဲတွင် ငရုတ်ကောင်းမှုန့်နှင့် ဆားအနည်းငယ်တို့ကို သမအောင်ရောမွှေထားလိုက်ပါ။

၄။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ပုစွန်များထည့်ကာ ၂ မိနစ်ခန့် ကြော်ပေးလိုက်ပါ။ ပုစွန်များ ရွှေညိုရောင်သမ်းသွားပါက ပန်းကန်ပြားထဲသို့ ဆယ်ထည့်ထားလိုက်ပါ။

၅။ ပိုလျှံနေသောဆီများကို ကြွေပန်းကန်ထဲ ဆယ်ထည့်ထားလိုက်ပါ။ ဒယ်အိုးထဲတွင် ဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်းခန့်သာ ချန်ထားခဲ့ရပါမယ်။

၆။ နောက်တစ်ဆင့်အနေနဲ့ ကြက်သွန်ဖြူနှင့် ငရုတ်သီးတို့ထည့်ကာ အနံ့မွှေးလာသည်အထိ ဆီသတ်ပါ။ ထို့နောက် ပုစွန်ထည့်ပါ။ ဆားနှင့် ငရုတ်ကောင်းမှုန့်အရောအနှော ထည့်ကာ သမအောင် မွှေကြော်ပေးလိုက်ပါ။

၇။ ရရှိလာတဲ့ပုစွန်ကြော်ကို ပန်းကန်ပြားထဲ ပြောင်းထည့်လိုက်ပါ။

ဒါဆိုရင်တော့ အနံ့မွှေးပြီး ကြွပ်ရွနေတဲ့ ပုစွန်ကြော်စပ်စပ်လေး ရရှိသွားပါပြီ။

Source : Omnivorescookbook.com