ပင်လယ်စာ ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ သွားရေစာမုန့်အနေနဲ့ပဲဖြစ်ဖြစ်၊ အဆာပြေမုန့်အနေနဲ့ပဲဖြစ်ဖြစ် စားသုံးနိုင်တဲ့ ပြည်ကြီးငါး အစပ်ကြော် ကြော်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပြည်ကြီးငါး ၃၅၀ ဂရမ်
  • ဆားနှင့် ငရုတ်ကောင်းမှုန့်အနည်းငယ်
  • ပြောင်းမှုန့် ၃၀ ဂရမ်
  • ငရုတ်သီးမှုန့် စားပွဲတင်ဇွန်းတစ်ဝက်
  • ငရုတ်ပွ အနီတစ်လုံး၊ အစိမ်းတစ်လုံး

လူကြိုက်နည်းပေမယ့် အကျိုးများတဲ့ နံနံပင်

  • နံနံပင်တစ်စည်း
  • ကြက်သွန်ဖြူ ၃ မြွှာ
  • ကြက်ဥ တစ်လုံး
  • ကြက်သွန်မြိတ် ၂ ပင် (ပါးပါးလှီးထားပါ)
  • ဆီအနည်းငယ်

ပြုလုပ်နည်းအဆင့်ဆင့်

၁။ ပြည်ကြီးငါးကို သန့်စင်အောင် ဆေးကြောပြီးနောက် အနေတော်အတုံးလှီးဖြတ်ထားပါ။

၂။ ငရုတ်ပွကို အကွင်းလိုက် ပါးပါးလှီးထားပါ။ ထို့နောက် ပြည်ကြီးငါးကို ဆား၊ ငရုတ်ကောင်းမှုန့်တို့ဖြင့် နယ်ဖတ်ထားပြီးနောက် ၁၀ မိနစ်ခန့် နှပ်ထားလိုက်ပါ။ ၁၀ မိနစ်ပြည့်ပါက ကြက်ဥဖောက်ထည့်ပါ။ ထို့နောက် ပြောင်းမှုန့်ထည့်ပြီးနောက် သမအောင် ထပ်နယ်ထားလိုက်ပါ။

၃။ ဒယ်အိုးကို အပူပေးပြီး ဆီများများ ထည့်ထားပါ။ ဆီပူလာပါက ပြည်ကြီးငါးများကို ထည့်ကြော်ပေးလိုက်ပါ။ ထို့နောက် ပန်းကန်ပြားထဲ ပြောင်းထည့်ထားပါ။

၄။ အခြားဒယ်အိုးတစ်လုံးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပါ။ ဆီပူလာပါက ကြက်သွန်ဖြူ၊ ငရုတ်ပွနှင့် ကြက်သွန်မြိတ်တို့ထည့်ပြီး အနံ့မွှေးလာသည်အထိ ဆီသတ်ပေးလိုကပါ။ ထို့နောက် စောစောက ကြော်ထားသော ပြည်ကြီးငါးထည့်ပါ။ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ပြီး သမအောင် ထပ်ကြော်ပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ပြည်ကြီးငါး အစပ်ကြော်လေး ရရှိသွားပါပြီ။

Source: Chinasichuanfood.com