အားလုံးပဲ မင်္ဂလာပါ။ ပုံမှန်ဆိုရင် အာလူးနဲ့ အမဲသားကို အတူတူရောချက်ကြပေမယ့် ဒီတစ်ခါမှာတော့ အာလူးသပ်သပ် အမဲသားသပ်သပ်စီချက်ပြီး အာလူးထဲက အမဲသားဟင်းလျာပြုလုပ်နည်းကို ဖော်ပြပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

အာလူးဖုတ်ရန်

  • အာလူး ၃ လုံး
  • သံလွင်ဆီ စားပွဲတင်ဇွန်း ၃ ဇွန်း
  • ဆား စားပွဲတင်ဇွန်း ၃ ဇွန်း

အမဲသားချက်ရန်

  • အမဲသား ၁ ပေါင်ခန့် (နုတ်နုတ်စင်းထားပါ)
  • ကြက်သွန်ဖြူအမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • ကြက်သွန်နီအမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ငရုတ်ကောင်းမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း

  • ဆား လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
  • အမဲပြုတ်ရည်၄၈၀ မီလီလီတာ
  • စမုန်ဖြူရွှက် အနည်းငယ်
  • ဂျုံမှုန့် စားပွဲတင်ဇွန်း ၃ ဇွန်း
  • ထောပတ် စားပွဲတင်ဇွန်း တစ်ဇွန်း

ပြုလုပ်နည်းအဆင့်ဆင့်

အရင်ဦးဆုံး Oven ကို ၃၇၅ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားပါ။

အားလူးကို ရေဆေးပြီးနောက် အခြောက်ခံကာ ခက်ရင်းဖြင့် ထိုးဆွလိုက်ပါ။ ထို့နောက် သံလွင်ဆီများကို အာလူးပေါ် လောင်းချလိုက်ပါ။

ဆား စားပွဲတင်ဇွန်း ၃ ဇွန်း ဖြူးကာ အာလူးများပေါ်တွင် ကပ်ညှိနေဖို့အတွက် အာလူးလုံးများကို လှိမ့်ပေးလိုက်ပါ။

ထို့နောက် အာလူးကို အပူပေးထားသော Oven ထဲတွင် တစ်နာရီခန့် ထည့်ဖုတ်ထားလိုက်ပါ။

အာလူးဖုတ်နေတဲ့အချိန်မှာ အမဲသားချက်ရပါမယ်။ ဒယ်အိုးကို အပူပေး၊ ဆီထည့်ကာ အမဲသားများ ထည့်လိုက်ပါ။ ကြက်သွန်ဖြူ၊ ကြက်သွန်နီမှုန့်များ၊ ဆားနဲ့ ငရုတ်ကောင်းမှုန့်တို့ထည့်ပြီး မွှေပေးလိုက်ပါ။

မိနစ်အနည်းငယ်ကြာတဲ့အခါ စမုန်ဖြူရွက်ချွေထည့်ပြီးနောက် အမဲပြုတ်ရည်ထပ်ထည့်ကာ မွှေပေးလိုက်ပါ။

အမဲသားများ နူးသွားပြီဆိုပါက ထောပတ်တုံးကို ဒယ်အိုးထဲထည့်ကာ အရည်ပျော်သွားတဲ့အထိစောင့်ပါ။ မိနစ်အနည်းငယ်ကြာမွှေပြီးနောက် မီးဖိုပေါ်က ချလိုက်ပါ။

အာလူးဖုတ်တဲ့အချိန်ပြည့်ပါက Oven ထဲက ထုတ်ပြီး အာလူးအလယ်တည့်တည့်ကို ထက်ခြမ်းခြမ်းကာ ထိုအထဲသို့ အမဲသားဟင်း လောင်းထည့်လိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ အာလူး အမဲသားဟင်းလျာကို ထမင်းနဲ့ အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

Source: couponclippingcook.com