အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ အီတလီအစားအစာတစ်မျိုးဖြစ်တဲ့ စပါကတီခေါက်ဆွဲကို ပုစွန်၊ ကြက်ဥအနှစ်တို့နဲ့ အရသာရှိရှိ ဘယ်လိုလုပ်စားရမလဲဆိုတဲ့ နည်းလမ်းလေးကို ဝေမျှပေးချင်ပါတယ်။
ပါဝင်ပစ္စည်းများ
- စပါကတီခေါက်ဆွဲ ၂၀၀ ဂရမ်
- ကြက်ဥအနှစ် ၄ လုံး (ပေါင်းအိုးဖြင့် ပေါင်းထားပါ)
- ထောပတ် စားပွဲတင်ဇွန်း ၂ ဇွန်း
- ပျဉ်းတော်သီးအရွက် အနည်းငယ်
- ကြက်သွန်ဖြူ ၁ မြွှာ (ပါးပါးလှီးထားပါ)
- ပုစွန် ၁၀ ကောင်၊ ၁၂ ကောင်ခန့် (အခွံခွာထားပါ)
- ခရင်မ် (Whipping Cream) ၆၀ မီလီလီတာ
- ငရုတ်သီး ၁ တောင့် (ပါးပါးလှီးထားပါ)
- သကြား စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
- ရေ ၄ လီတာနှင့် ဆား အနည်းငယ်
ပြုလုပ်နည်း အဆင့်ဆင့်
၁။ အိုးတစ်လုံးထဲတွင် ရေ ၄ လီတာထည့်ကာ ဆား စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပြီး စပါကတီခေါက်ဆွဲများ ပြုတ်လိုက်ပါ။ ခေါက်ဆွဲထုပ်ပေါ်ကအညွှန်းရဲ့ ကြာချိန်အတိုင်း ပြုတ်ပြီးပါက ခေါက်ဆွဲများကို ဆယ်ယူလိုက်ပြီးနောက် သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းဖြင့် နယ်ထားလိုက်ပါ။
၂။ အခြားဒယ်အိုးတစ်လုံးကို အပူပေးပြီး ထောပတ်ထည့်ကာ ထောပတ်များ အရည်ပျော်သွားပါက ကြက်သွန်ဖြူ၊ ပျဉ်းတော်သိမ်ရွက်နှင့် ငရုတ်သီးတို့ထည့်ပြီး ၁ မိနစ်ခန့် ဆီသတ်ထားလိုက်ပါ။
၃။ ထို့နောက် ဒယ်အိုးထဲသို့ ကြက်ဥအနှစ်များထည့်ပြီး မွှေပေးလိုက်ပါ။ ပြီးရင် သကြား၊ ခရင်မ်တို့ထည့်ပြီး ၄ မိနစ်ခန့် မွှေပေးလိုက်ပါ။
၄။ ခရင်မ်များ အနည်းငယ်ပျစ်သွားတဲ့အခါမှာတော့ စပါကတီခေါက်ဆွဲနှင့် ပုစွန်များကို ဒယ်အိုးထဲထည့်ကာ ၄ မိနစ်၊ ၅ မိနစ်ခန့် မွှေပေးလိုက်ပါ။
ဒါဆိုရင်တော့ အရသာရှိတဲ့ ပင်လယ်စာ စပါကတီခေါက်ဆွဲလေး ရရှိသွားပါပြီ။
မိမိစားနိုင်မယ့် ပမာဏခန့်ကို ပန်းကန်ထဲထည့်ပြီးနောက် အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။
Source: Asianfoodchannel.com