အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ အီတလီအစားအစာတစ်မျိုးဖြစ်တဲ့ စပါကတီခေါက်ဆွဲကို ပုစွန်၊ ကြက်ဥအနှစ်တို့နဲ့ အရသာရှိရှိ ဘယ်လိုလုပ်စားရမလဲဆိုတဲ့ နည်းလမ်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • စပါကတီခေါက်ဆွဲ ၂၀၀ ဂရမ်
  • ကြက်ဥအနှစ် ၄ လုံး (ပေါင်းအိုးဖြင့် ပေါင်းထားပါ)
  • ထောပတ် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပျဉ်းတော်သီးအရွက် အနည်းငယ်
  • ကြက်သွန်ဖြူ ၁ မြွှာ (ပါးပါးလှီးထားပါ)

  • ပုစွန် ၁၀ ကောင်၊ ၁၂ ကောင်ခန့် (အခွံခွာထားပါ)
  • ခရင်မ် (Whipping Cream) ၆၀ မီလီလီတာ
  • ငရုတ်သီး ၁ တောင့် (ပါးပါးလှီးထားပါ)
  • သကြား စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ရေ ၄ လီတာနှင့် ဆား အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အိုးတစ်လုံးထဲတွင် ရေ ၄ လီတာထည့်ကာ ဆား စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပြီး စပါကတီခေါက်ဆွဲများ ပြုတ်လိုက်ပါ။ ခေါက်ဆွဲထုပ်ပေါ်ကအညွှန်းရဲ့ ကြာချိန်အတိုင်း ပြုတ်ပြီးပါက ခေါက်ဆွဲများကို ဆယ်ယူလိုက်ပြီးနောက် သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းဖြင့် နယ်ထားလိုက်ပါ။

၂။ အခြားဒယ်အိုးတစ်လုံးကို အပူပေးပြီး ထောပတ်ထည့်ကာ ထောပတ်များ အရည်ပျော်သွားပါက ကြက်သွန်ဖြူ၊ ပျဉ်းတော်သိမ်ရွက်နှင့် ငရုတ်သီးတို့ထည့်ပြီး ၁ မိနစ်ခန့် ဆီသတ်ထားလိုက်ပါ။

၃။ ထို့နောက် ဒယ်အိုးထဲသို့ ကြက်ဥအနှစ်များထည့်ပြီး မွှေပေးလိုက်ပါ။ ပြီးရင် သကြား၊ ခရင်မ်တို့ထည့်ပြီး ၄ မိနစ်ခန့် မွှေပေးလိုက်ပါ။

၄။ ခရင်မ်များ အနည်းငယ်ပျစ်သွားတဲ့အခါမှာတော့ စပါကတီခေါက်ဆွဲနှင့် ပုစွန်များကို ဒယ်အိုးထဲထည့်ကာ ၄ မိနစ်၊ ၅ မိနစ်ခန့် မွှေပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ပင်လယ်စာ စပါကတီခေါက်ဆွဲလေး ရရှိသွားပါပြီ။

မိမိစားနိုင်မယ့် ပမာဏခန့်ကို ပန်းကန်ထဲထည့်ပြီးနောက် အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

Source: Asianfoodchannel.com