အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ကြက်ဥအနှစ်အရသာ ကြက်သားကြော် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။
ပါဝင်ပစ္စည်းများ
- ကြက်သား ၁ ကီလိုဂရမ် (အနေတော်အတုံးတုံးထားပါ)
- ပျဉ်းတောင်သိမ် ၆ ရွက်
- ပြောင်းမှုန့်နှင့် ဆန်မှုန့် ချင်တွယ်ခွက် ၁ ခွက်စီ
- ထောပတ် ၁၂၅ ဂရမ်
- ဟင်းသီးဟင်းရွက်ဆီ ချင်တွယ်ခွက် ၁ ခွက်ခွဲ
- ကြက်ဥအနှစ် ၆ လုံး (ဆားအနည်းငယ်ထည့်ပြီး မွှေခလောက်ထားပါ)
- ပါးပါးလှီးထားသော ငရုတ်သီး လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ဆားအနည်းငယ်
ပြုလုပ်နည်း အဆင့်ဆင့်
၁။ ဇလုံအကြီးတစ်လုံးထဲတွင် ကြက်သား၊ ပြောင်းမှုန့်၊ ဆန်မှုန့်နှင့် ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်ထည့်ကာ သမအောင် နယ်ထားလိုက်ပါ။
ဒန်အိုးကို အပူပေးပြီး ဟင်းသီးဟင်းရွက်ဆီထည့်ကာ ဆီပူလာပါက ကြက်သားတုံးများကို ၃ မိနစ်မှ ၅ မိနစ်ခန့်အထိ ကြော်ပေးလိုက်ပါ။
ကြက်သားတုံးက ရွှေညိုရောင်ပြောင်းသွားပါက ဆီစုပ်စက္ကူပေါ်တင်ထားလိုက်ပါ။
၂။ ဒယ်အိုးကို အပူပေးပြီး ထောပတ်ထည့်ကာ ထောပတ်များ အရည်ပျော်သွားပါက ပျဉ်းတော်သိမ်အရွက်များကို ၁ မိနစ်ခန့် ကြော်ပေးလိုက်ပါ။
ထို့နောက် ကြက်ဥအနှစ်များကို ထောပတ်နဲ့အတူ ကြော်ပေးပြီးနောက် ကြက်သားကြော်များထည့်ကာ သမအောင် ထပ်ကြော်ပေးလိုက်ပါ။
၃။ ဒါဆိုရင်တော့ ကြက်ဥနှစ် ကြက်သားကြော်လေး ရရှိသွားပါပြီ။ ပန်းကန်ပြားထဲပြောင်းထည့်ကာ အရသာရှိရှိသုံးဆောင်လိုက်ပါ။
Source: Asianfoodnetwork.com