အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ ဟင်းလျာလေးကတော့ ဘဲဥငန် ပဲပြားပေါင်း ဟင်းလျာပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • နုပ်နုပ်စဉ်းထားသော အသား ၁၅၀ ဂရမ်
  • ဘဲဥအနှစ် ၂ လုံး (ပေါင်းထားပြီးနောက် ချေထားလိုက်ပါ)
  • ပဲပြား ၁ တုံး
  • ကြက်ဥ ၁ လုံး (မွှေခလောက်ထားပါ)
  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း

  • နုပ်နုပ်စဉ်းထားသော ကြက်သွန်ဖြူ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ပါးပါးလှီးထားသော ကြက်သွန်မြိတ် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပါးပါးလှီးထားသော ကြက်သွန်နီ စားပွဲတင်ဇွန်း ၁ ဇွန်း

ကြက်ဥမွှေခလောက်ရန် လိုအပ်သော ပါဝင်ပစ္စည်းများ

  • ဆား လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
  • နှမ်းဆီ လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
  • ပြောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
  • ရေ ၁၂၅ မီလီလီတာ

အသားနယ်ရန် လိုအပ်သော ပါဝင်ပစ္စည်းများ

  • ခရုဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပဲငံပြာရည်အကြည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • သကြား လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဘဲဥအနှစ်ကို ပေါင်းအိုးထဲတွင် ၇ မိနစ်ခန့် ထည့်ပေါင်းထားပါ။ အချိန်ပြည်ပါက ဘဲဥအနှစ်များကို ချေမွပေးလိုက်ပါ။

၂။ ကြက်ဥကို မွှေခလောက်ပြီးနောက် ဆား၊ နှမ်းဆီ၊ ငရုတ်ကောင်းမှုန့်၊ ပြောင်းမှုန့်၊ ရေတို့ဖြင့် သမအောင် ရောမွှေထားလိုက်ပါ။ ထို့နောက် စောစောက ကြက်ဥအနှစ်အကြေများကို ထိုအရောအနှောထဲ ထည့်ပေးလိုက်ပါ။

၃။ ပဲပြားကို ပန်းကန်ပြားပေါ် တင်ထားပြီးနောက် စောစောက ကြက်ဥအရည်များကို ပဲပြားပေါ်သို့ လောင်းချလိုက်ပါ။ ထို့နောက် ပေါင်းအိုးထဲထည့်ကာ အဖုံးပိတ်ပြီးနောက် ၁၀ မိနစ်ခန့် ထည့်ပေါင်းထားလိုက်ပါ။

၄။ ပဲပြားပေါင်းနေချိန်မှာ အသားကြော်ပေးလိုက်ပါ။

ဒယ်အိုးကို အပူပေးပြီးနောက် ဆီအနည်းငယ်ထည့်ပါ။ ဆီပူလာပါက ကြက်သွန်နီများကို ကြွပ်လာသည်အထိ ကြော်ပေးလိုက်ပါ။ ထို့နောက် ကြက်သွန်ဖတ်များကို ဆယ်ယူလိုက်ပါ။

၅။ ဒယ်အိုးထဲတွင် ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းချန်ထားပြီးနောက် ကြက်သွန်ဖြူထည့်ကာ အနံ့မွှေးလာသည်အထိ ဆီသတ်ပေးလိုက်ပါ။ ထို့နောက် နုပ်နုပ်စဉ်းထားသော ကြက်သား (သို့) ဝက်သား (သို့) အမဲသားထည့်ကာ ကြော်ပေးလိုက်ပါ။

၆။ ခရုဆီ၊ ပဲငံပြာရည်၊ သကြားနှင့် ငရုတ်ကောင်းမှုန့်တို့ ဖြူးထည့်ကာ သမအောင် ကြော်ပေးလိုက်ပါ။

ရရှိလာတဲ့ အသားကြော်ကို ဘဲဥငန် ပဲပြားပေါ် လောင်းထည့်လိုက်ပါ။ ဒါဆိုရင်တော့ အရသာရှိတဲ့ ဘဲဥငန် ပဲပြားပေါင်းဟင်းလျာလေး ရရှိသွားပါပြီ။

Source: Huangkitchen.com