(Unicode)

အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ ဟင်းချက်နည်းလေးကတော့ မနက်စာအဖြစ် စားသုံးနိုင်တဲ့ ကြက်သား ငါးပါးနီထမင်းကြော်ပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ရင်အုံ ၁ တုံး (ပြုတ်ထားပြီးနောက် အသားများကို နွှင်ထားပါ)
  • ထမင်း ပန်းကန်လုံး ၄ လုံးစာ
  • ငါးပါးနီ အနည်းငယ်
  • ဂေါ်ဖီ ၄ စိပ် ၁ စိပ် (ပါးပါးလှီးထားပါ)
  • ကြက်သွန်မြိတ် ၂ ပင်

  • ကြက်ဥ ၂ လုံး (မွှေခလောက်ထားပါ)
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးတစ်လုံးကို အပူပေးပြီး ဆီထည့်ကာ ကြက်ဥများ ထည့်ကြော်လိုက်ပါ။ ကြက်ဥများ မွှေကြော်ပြီး ၁၅ စက္ကန့်ခန့်ကြာတဲ့နောက်မှာတော့ ငါးပါးနီ၊ ကြက်သားနှင့် ဂေါ်ဖီများထည့်ကာ ၂ မိနစ်ခန့် ကြော်လိုက်ပါ။

၂။ ဒုတိယအနေနဲ့ ထမင်းများထည့်ပြီး ၅ မိနစ်ခန့်ကြော်ပေးလိုက်ပါ။

၃။ ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်တို့ထည့်ကာ စက္ကန့် ၃၀ ခန့် ကြော်ပေးလိုက်ပါ။ အရသာအပေါ့အငန်မြည်းပြီးတဲ့နောက်မှာတော့ ပါးပါးလှီးထားသော ကြက်သွန်မြိတ်များထည့်ကာ မွှေပေးလိုက်ပါ။

ဒါဆိုရင်တော့ ကြက်သား ငါးပါးနီထမင်းကြော်လေး ရရှိသွားပါပြီ။ အားရပါးရနဲ့ မြိန်ယှက်စွာ သုံးဆောင်နိုင်ပါပြီ။

Source: Asianfoodchannel.com

(Zawgyi)

အားလံုးပဲ မဂၤလာပါ။ ဒီတစ္ခါမွာ ေဝမွ်ေပးခ်င္တဲ့ ဟင္းခ်က္နည္းေလးကေတာ့ မနက္စာအျဖစ္ စားသံုးႏိုင္တဲ့ ၾကက္သား ငါးပါးနီထမင္းေၾကာ္ပဲျဖစ္ပါတယ္။

ပါဝင္ပစၥည္းမ်ား

  • ၾကက္ရင္အံု ၁ တံုး (ျပဳတ္ထားၿပီးေနာက္ အသားမ်ားကို ႏႊင္ထားပါ)
  • ထမင္း ပန္းကန္လံုး ၄ လံုးစာ
  • ငါးပါးနီ အနည္းငယ္
  • ေဂၚဖီ ၄ စိပ္ ၁ စိပ္ (ပါးပါးလွီးထားပါ)
  • ၾကက္သြန္ၿမိတ္ ၂ ပင္

  • ၾကက္ဥ ၂ လံုး (ေမႊခေလာက္ထားပါ)
  • ပဲငံျပာရည္ စားပြဲတင္ဇြန္း ၂ ဇြန္း
  • ငရုတ္ေကာင္းမႈန္႔ လက္ဖက္ရည္ဇြန္း တစ္ဝက္

ျပဳလုပ္နည္း အဆင့္ဆင့္

၁။ ဒယ္အိုးတစ္လံုးကို အပူေပးၿပီး ဆီထည့္ကာ ၾကက္ဥမ်ား ထည့္ေၾကာ္လိုက္ပါ။ ၾကက္ဥမ်ား ေမႊေၾကာ္ၿပီး ၁၅ စကၠန္႔ခန္႔ၾကာတဲ့ေနာက္မွာေတာ့ ငါးပါးနီ၊ ၾကက္သားႏွင့္ ေဂၚဖီမ်ားထည့္ကာ ၂ မိနစ္ခန္႔ ေၾကာ္လိုက္ပါ။

၂။ ဒုတိယအေနနဲ႔ ထမင္းမ်ားထည့္ၿပီး ၅ မိနစ္ခန္႔ေၾကာ္ေပးလို္က္ပါ။

၃။ ပဲငံျပာရည္ စားပြဲတင္ဇြန္း ၂ ဇြန္းႏွင့္ ငရုတ္ေကာင္းမႈန္႔ လက္ဖက္ရည္ဇြန္းတစ္ဝက္တို႔ထည့္ကာ စကၠန္႔ ၃၀ ခန္႔ ေၾကာ္ေပးလိုက္ပါ။ အရသာအေပါ့အငန္ျမည္းၿပီးတဲ့ေနာက္မွာေတာ့ ပါးပါးလွီးထားေသာ ၾကက္သြန္ၿမိတ္မ်ားထည့္ကာ ေမႊေပးလိုက္ပါ။

ဒါဆိုရင္ေတာ့ ၾကက္သား ငါးပါးနီထမင္းေၾကာ္ေလး ရရွိသြားပါၿပီ။ အားရပါးရနဲ႔ ၿမိန္ယွက္စြာ သံုးေဆာင္ႏိုင္ပါၿပီ။

Source: Asianfoodchannel.com