ပင်လယ်စာ ပုစွန်ဟင်း ကြိုက်နှစ်သက်ကြသူများအတွက် ဒီတစ်ခါမှာတော့ ရှူးရှူးရှဲရှဲလို့ ဆွေမျိုးမေ့သွားစေမယ့် ပုစွန်ဟင်း အစပ်ချက် ချက်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပုစွန် ၈၀၀ ဂရမ် (အခွံခွာပြီး ရေဆေးသန့်စင်ထားပါ)
  • ဟင်းချက်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ရေ အနည်းငယ်
  • သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဆားအနည်းငယ်

  • ငါးငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • သံပုယိုရည် စားပွဲတင်ဇွန်း ၁ ဇွန်း၊ ၂ ဇွန်းခန့်
  • နံနံပင် အနည်းငယ်
  • ကြက်သွန်နီ အကြီး ၁ ဥ
  • ငရုတ်သီး ၃ ၊ ၄ တောင့်

  • ငရုတ်ပွအနီ ၁ ခု

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်သွန်နီ၊ ငရုတ်သီးတောင့်များနှင့် ငရုတ်ပွတို့ကို ပါးပါးလှီးပြီးနောက် ညှက်နေအောင် ထောင်းပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပါ။ ဆီပူလာပါက ငရုတ်ထောင်းများထည့်ကာ အနံ့မွှေးလာသည်အထိ ဆီသတ်ပါ။

၃။ ထို့နောက် ပုစွန်များထည့်ကာ ၅၀ ရာခိုင်နှုန်းခန့် ကျက်သွားသည်အထိ မွှေကြော်လိုက်ပါ။

၄။ ထို့နောက် ပုစွန်များ မြှုပ်သွားသည်အထိ ရေထည့်ပါ။ သကြား၊ ဆား၊ ငါးငံပြာရည်၊ သံပုယိုရည်နှင့် နံနံပင်တို့ထည့်ကာ ပုစွန်များ ကျက်သွားသည်အထိ တည်ထားလိုက်ပါ။

၅။ ဟင်းရည်လည်း ပွက်ပွက်ဆူလာပြီး ပုစွန်များလည်း ကျက်သွားပြီဆိုရင်တော့ ပန်းကန်ထဲ ပြောင်းထည့်လို့ရပါပြီ။

ဒါဆိုရင်တော့ ရှူးရှူးရှဲရှဲနဲ့ အရသာရှိတဲ့ ပုစွန်ဟင်း စပ်စပ်လေး ရရှိသွားပါပြီ။

Source: Mintyskitchen.blogspot.com