အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ အရသာရှိပြီး ဆော့စ် ရွှဲရွှဲလေးနဲ့စားလို့ကောင်းတဲ့ အမဲသား ဆန်ပြားခေါက်ဆွဲကြော် ပြုလုပ်နည်းကို မျှဝေပေးချင်ပါတယ်။
ပါဝင်ပစ္စည်း
အမဲသားအတွက်
အမဲသားများ
ပွဆေး အနည်းငယ်
ပဲငံပြာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ရေ စားပွဲတင်ဇွန်း ၁ ဇွန်း
ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်
ကော်မှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
တခြားပါဝင်ပစ္စည်းများ
- ဆန်ပြားခေါက်ဆွဲ ၁ ထုပ်
- ကြက်စွပ်ပြုတ် (သို့) အမဲစွပ်ပြုတ်ရည် (၂ခွက်)
- ပဲငံပြာရည် အကြည် စားပွဲတင်ဇွန်း ၁ ဇွန်း
- ပဲငံပြာရည် အနှောက် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
- ခရုဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
- သကြား အနည်းငယ်
- နှမ်းဆီ အနည်းငယ်
- ငရုတ်ကောင်းမှုန့်အနည်းငယ်
- ဂျင်းပါးပါးလှီး ၃ ပြား
- ကြက်သွန်ဖြူ ၃ မွှာ
- မှို ခွက်တစ်ဝက်
- ကြက်သွန်မြိတ် ၂ပင် (အမြီးပိုင်း) ကို ပါးပါးလှီးပါ
- ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်း
- မုန်ညှင်းထုပ် ပါးပါးလှီး ၂ ခွက်
- ပဲပင်ပေါက်အနည်းငယ်
- ကော်မှုန့် စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ ရေ စားပွဲတင်ဇွန်း ၂ ဇွန်းရောဖျော်
ပြုလုပ်နည်း
အရင်ဆုံး ခေါက်ဆွဲကို မိမိလိုအပ်သလောက်လေး ညှပ်လိုက်ပါ။
ခွက်အကြီးထဲမှာ အမဲသားနဲ့ အမဲသားရဲ့ ပါဝင်ပစ္စည်းတွေအားလုံးကို နယ်ပေးလိုက်ပါ။ မိနစ် ၃၀ လောက်ထားထားပါ။
စွပ်ပြုတ်ရည် နွေးနွေး (သို့) ရေ နွေးနွေးကို ခွက်ထဲထည့်လိုက်ပြီး ပဲငံပြာရည်အကြည်၊ အနောက်၊ ခရုဆီ၊ သကြား၊ နှမ်းဆီ၊ ငရုတ်ကောင်းတို့ကို ရောလိုက်ပါ။ ဘေးမှာခဏထားထားပါ။
အိုးထဲကို ဆီထည့်လိုက်ပြီးတော့ အမဲသားကို ထည့်ကြော်ပါ။ အမဲသားရပြီဆိုရင်တော့ ပန်းကန်တစ်ခုထဲ ခပ်ထည့်ထားပါ။
အဲဒီနောက် အိုးကိုအပူပေးပြီး ဆီထည့်၊ ဂျင်းထည့်ပါ။ ၂ မိနစ်လောက်မွှေလိုက်ပါ။ ကြက်သွန်ဖြူထည့်ပါ။ မှိုထည့်ပါ။ အဲဒီနောက် ကြက်သွန်မြိတ်ထည့်လိုက်ပါ။ ဝိုင်ထည့်ပြီး မုန်ညှင်းဖြူထည့်လိုက်ပါ။
ပြီးသွားရင်တော့ ဆော့လ်တွေအကုန်စုထည့်ထားတဲ့ရေကို ထည့်လိုက်ပြီး ဆူလာအောင်ထားပါ။ ဆူလာပြီဆိုရင်တော့ သေချာမွှေပေးလိုက်ပါ။
အဲဒီနောက် ခေါက်ဆွဲထည့်ပါ။ မွှေပေးလိုက်ပြီး ပဲပင်ပေါက်နဲ့ အမဲသားထည့်လိုက်ပါ။ သေချာမွှေပေးလိုက်ပါ။
ပြီးသွားရင်တော့ ကော်ရည်ဖျော်ထားတာကို ထည့်လိုက်ပါ။ ကိုယ်နှစ်သက်တဲ့အနေအထားလောက်ရောက်ပြီး အရည်လေးကလည်း ပျစ်ပျစ်လေးဖြစ်သွားရင် သုံးဆောင်လို့ရပါပြီနော်။
တရုတ်စတိုင်လ်ဖြစ်တာမို့ မြန်မာတွေအတွက် ဆားပေါ့ရင် ဆားထပ်ထည့်ပြီး သုံးဆောင်နိုင်ပါတယ်။
Source: www.thewoksoflife.com
By: MyFood Myanmar