မနက်စာအဖြစ်သာမက နေ့လည်နေ့ခင်း အဆာပြေမုန့်အဖြစ်ပါ စားသုံးနိုင်တဲ့ ဝက်သား ကြက်ဥပေါင်မုန့်မီးကင် ပြုလုပ်နည်းကို MyFood Myanmar ရဲ့ဟင်းချက်ဝါသနာပါသူများအားလုံး စိတ်ဝင်စားကြမယ်လို့ မျှော်လင့်မိပါတယ်။

ပါဝင်ပစ္စည်းများ

  • ဝက်သား ၁ ပေါင်
  • ကြက်ဥ ၆ လုံး
  • နွားနို့ ပန်းကန်လုံး ၂ ခွက်စာ (စားပွဲတင်ဇွန်း ၃၂ ဇွန်း)
  • ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ပေါင်မုန့် ၆ ချပ်

  • Cheddar ချိစ် ၁၁၃ ဂရမ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဝက်သားများကို အသားကြိတ်စက်ဖြင့် ညှက်နေအောင် ကြိတ်ထားပါ။ ကြက်ဥ ၆ လုံးကို မွှေခလောက်ထားပါ။

ပေါင်မုန့်ချပ်များကို လက်မဝက် ကုဗတုံးပုံသဏ္ဍာန် လှီးဖြတ်ထားပါ။ ချစ်များကိုတော့ အချောင်း ခပ်ရှည်ရှည်လေးဖြစ်အောင် လှီးဖြတ်ထားပါ။

၂။ ချက်ပြုတ်ဖို့ အသင့်ဖြစ်ပြီဆိုရင်တော့ ဒယ်အိုးကို အပူပေးပြီး ဝက်သားများကို အညိုရောင်ပြောင်းသွားသည်အထိ မွှေကြော်ပါ။

၃။ မွှေခလောက်ထားသော ကြက်ဥထဲသို့ နွားနို့နှင့် ဆားတို့ထည့်ကာ သမအောင် ထပ်မွှေပါ။ ထို့နောက် ထိုကြက်ဥခွက်ထဲသို့ပင် ပေါင်မုန့်အပိုင်းအစများ၊ ချိစ်အချောင်းများနှင့် ဝက်သားကြော်များ ပေါင်းထည့်ကာ သမအောင် ရောမွှေပါ။

၄။ Oven ထဲထည့်လို့ရတဲ့ အပူခံလင်ဗန်းကို ဆီသုတ်လိမ်းထားပါ။ ထို့နောက် စောစောကရောနယ်ထားသော ပေါင်မုန့် ဝက်သားအရောအနှောကို လင်ဗန်းထဲသို့လောင်းထည့်ပါ။ ပြီးရင်တော့ လင်ဗန်းကို အုပ်ထားပြီး ရေခဲသေတ္တာထဲတွင် အနည်းဆုံး ၈ နာရီမှာ အများဆုံး တစ်ညတာအချိန် ကြာသည်အထိ ထည့်ကာအအေးခံပါ။

၅။ ထို့နောက် မချက်ပြုတ်မီ မိနစ် ၃၀ အလိုကတည်းက ရေခဲသေတ္တာထဲကထုတ်ပါ။ ထို့နောက် အပူချိန် ၃၅၀ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားသော Oven ထဲတွင် မိနစ် ၄၀ ခန့် ထည့်ကာ အပူပေးလိုက်ပါ။

သတ်မှတ်ချိန်ပြည့်တဲ့အခါမှာတော့ အရသာရှိတဲ့ ဝက်သား ကြက်ဥပေါင်မုန့်မီးကင်လေး ရရှိသွားပါပြီ။

Source: Tasteofhome.com