ပါဝင်ပစ္စည်း (၃) မျိုးတည်းရှိရုံနဲ့ အလွယ်တကူလုပ်စားနိုင်တဲ့ ချိစ်အရသာ ဝက်သားလုံးကြော်က ဝက်သား စားရတာ ကြိုက်နှစ်သက်သူများအတွက် ခံတွင်းတွေ့စေမယ့် အစားအစာတစ်မျိုးပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဝက်သား ၁ ပေါင် (အသားကြိတ်စက်ဖြင့် ကြိတ်ထားပါ)
  • ဘီစကစ်အကြေအစများ ပန်းကန်လုံး ၂ လုံးစာခန့် (၂၀၀ ဂရမ်)
  • ချိစ် ၁ ပေါင် (အချောင်းလိုက် လှီးဖြတ်ထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ Oven ကို ၃၅၀ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားပါ။

ပန်းကန်လုံးအကြီးတစ်လုံးတွင် ကြိတ်ထားသော ဝက်သားများ၊ ဘီစကစ်အကြေအစများနှင့် ချိစ်များကို သမအောင် ရောနယ်ထားလိုက်ပါ။

၂။ ရရှိလာတဲ့ အသားအရောအနှောကို တစ်လက်မပတ်လည် အသားလုံးသေးသေးလေးများဖြစ်အောင် လုံးပေးလိုက်ပါ။ ထို့နောက် ဆီစုပ်စက္ကူ ခံထားသောလင်ဗန်းပေါ်တါင် တင်ပေးလိုက်ပါ။

၃။ ထိုလင်ဗန်းကို Oven ထဲတွင် မိနစ် ၂၀၊ ၂၅ မိနစ်ခန့် ထည့်ကာ အပူပေးလိုက်ပါ။

၄။ သတ်မှတ်ချိန်ပြည့်သွားတဲ့အခါမှာတော့ အရသာရှိတဲ့ ချိစ် ဝက်သားလုံးကြော်များ ရရှိသွားပါပြီ။

Source: Cravinghomecooked.com