(Unicode)
အားလုံးပဲ မင်္ဂလာပါ။ တစ်ခါတလေမှာ အရိုးရှင်းဆုံးက အကောင်းဆုံးနဲ့ အရသာအရှိဆုံးမို့လို့ ဒီတစ်ခါမှာတော့ ရိုးရှင်းလွယ်ကူတဲ့ ဟင်းချက်နည်းလေးနဲ့ အာလူးမွှေကြော်ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။
ပါဝင်ပစ္စည်းများ
• အာလူး ၃၀၀ ဂရမ်
• ကြက်သွန်မြိတ် ၂ ပင် (ပါးပါးလှီးထားပါ)
• တရုတ်နံနံ ၁ ပင် (အလှဆင်ရန်
• ဟင်းချက်ဆီ စားပွဲတင်ဇွန်း ၃ ဇွန်း
• ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ပြုလုပ်နည်း အဆင့်ဆင့်
၁။ အာလူးများကို အခွံခွာပြီး ၄ စင်တီမီတာပတ်လည် ကုဗတုံးပုံသဏ္ဍာန် လှီးဖြတ်ထားလိုက်ပါ။
၂။ အိုးတစ်လုံးထဲသို့ ရေအပြည့်ထည့်ပြီး အာလူးတုံးများကို ၅ မိနစ်မှ ၇ မိနစ်ခန့်အထိ ပြုတ်လိုက်ပါ။ အချိန်ပြည့်ပါက အာလူးများကို ဆယ်ယူလိုက်ပါ။
၃။ ဒယ်အိုးထဲသို့ ဆီထည့်ကာ ဆီပူလာပါက အာလူးတုံးများ ထည့်ကြော်လိုက်ပါ။ အာလူးများ ရွှေညိုရောင်ပြောင်းသွားပါက ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ာ သမအောင် မွှေကြော်ပေးလိုက်ပါ။
၄။ အာလူးများ ကြွပ်ကြွပ်ရွရွလေး ဖြစ်သွားမှ ပန်းကန်ထဲပြောင်းထည့်ပြီးနောက် ကြက်သွန်မြိတ်နှင့် တရုတ်နံနံတို့ထည့်ကာ အနံ့မွှေးမွှေး အရသာရှိရှိဖြင့် မြိန်ယှက်စွာ သုံးဆောင်နိုင်ပါပြီ။
Source: Chinasichuanfood.com
(Zawgyi)
အားလံုးပဲ မဂၤလာပါ။ တစ္ခါတေလမွာ အရိုးရွင္းဆံုးက အေကာင္းဆံုးနဲ႔ အရသာအရွိဆံုးမို႔လို႔ ဒီတစ္ခါမွာေတာ့ ရိုးရွင္းလြယ္ကူတဲ့ ဟင္းခ်က္နည္းေလးနဲ႔ အာလူးေမႊေၾကာ္ျပဳလုပ္နည္းေလးကို ေဝမွ်ေပးခ်င္ပါတယ္။
ပါဝင္ပစၥည္းမ်ား
- အာလူး ၃၀၀ ဂရမ္
- ၾကက္သြန္ၿမိတ္ ၂ ပင္ (ပါးပါးလွီးထားပါ)
- တရုတ္နံနံ ၁ ပင္ (အလွဆင္ရန္
- ဟင္းခ်က္ဆီ စားပြဲတင္ဇြန္း ၃ ဇြန္း
- ဆား လက္ဖက္ရည္ဇြန္း ၁ ဇြန္းႏွင့္ ငရုတ္ေကာင္းမႈန္႔ လက္ဖက္ရည္ဇြန္း ၁ ဇြန္း
ျပဳလုပ္နည္း အဆင့္ဆင့္
၁။ အာလူးမ်ားကို အခြံခြာၿပီး ၄ စင္တီမီတာပတ္လည္ ကုဗတံုးပံုသ႑ာန္ လွီးျဖတ္ထားလိုက္ပါ။
၂။ အိုးတစ္လံုးထဲသို႔ ေရအျပည့္ထည့္ၿပီး အာလူးတံုးမ်ားကို ၅ မိနစ္မွ ၇ မိနစ္ခန္႔အထိ ျပဳတ္လိုက္ပါ။ အခ်ိန္ျပည့္ပါက အာလူးမ်ားကို ဆယ္ယူလိုက္ပါ။
၃။ ဒယ္အိုးထဲသို႔ ဆီထည့္ကာ ဆီပူလာပါက အာလူးတံုးမ်ား ထည့္ေၾကာ္လိုက္ပါ။ အာလူးမ်ား ေရႊညိဳေရာင္ေျပာင္းသြားပါက ဆားႏွင့္ ငရုတ္ေကာင္းမႈန္႔တို႔ထည့္ာ သမေအာင္ ေမႊေၾကာ္ေပးလိုက္ပါ။
၄။ အာလူးမ်ား ၾကြပ္ၾကြပ္ရြရြေလး ျဖစ္သြားမွ ပန္းကန္ထဲေျပာင္းထည့္ၿပီးေနာက္ ၾကက္သြန္ၿမိတ္ႏွင့္ တရုတ္နံနံတို႔ထည့္ကာ အနံ႔ေမႊးေမႊး အရသာရွိရွိျဖင့္ ၿမိန္ယွက္စြာ သံုးေဆာင္ႏိုင္ပါၿပီ။
Source: Chinasichuanfood.com