(Unicode)
ဟင်းလျာများ ချက်ပြုတ်တိုင်းမှာ မရှိမဖြစ်လိုအပ်တဲ့ အစားအစာတစ်မျိုးကတော့ ကြက်သွန်ပဲဖြစ်ပါတယ်။ ကြက်သွန်က သင့်ရဲ့ဟင်းလျာကို အနံ့မွှေးအောင် ကူညီပေးတဲ့အပြင် ကျန်းမာရေးအတွက်လည်း အထောက်အပံ့ဖြစ်စေပါတယ်။
ဒါ့ကြောင့် ဒီတစ်ခါမှာတော့ အမဲသားကို ကြက်သွန်နီများများနဲ့ အရသာရှိအောင် ဘယ်လိုကြော်မလဲဆိုတဲ့ဟင်းချက်နည်းကို ဝေမျှပေးလိုက်တယ်နော်။
ပါဝင်ပစ္စည်းများ
- ကြက်သွန်နီ တစ်ခြမ်း (ပါးပါးလှီးထားပါ)
- ဂျင်း ၄ ပြားခန့်
- ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
- သကြား စားပွဲတင်ဇွန်း ၁ ဇွန်း
- ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၂ ဇွန်း
Source: abc7news.com
- အမဲသား ဝ.၅ ပေါင်
- ခရုဆီ စားပွဲတင်ဇွန်း ၃ ဇွန်း
- ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
ပြုလုပ်နည်း အဆင့်ဆင့်
၁။ အိုးတစ်လုံးထဲ ရေ ၅၀၀ မီလီလီတာခန့်ထည့်ပြီး ပွက်ပွက်ဆူလာအောင် တည်ထားလိုက်ပါ။ ပွက်ပွက်ဆူလာပါက အမဲသားထည့်ကာ ၁ မိနစ်ခန့် တည်ထားလိုက်ပါ။ အမဲသားရဲ့ မူလအရောင်ပြောင်းသွားပါက အမဲသားကို အိုးထဲက ဆယ်ယူလိုက်ပါ။ အအေးခံပြီးနောက်
၂။ ခရုဆီ၊ ပဲငံပြာရည်၊ ဟင်းချက်ဝိုင်နှင့် သကြားတို့ကို ပန်းကန်လုံးအသေးတစ်လုံးထဲထည့်ကာ သမအောင် မွှေထားလိုက်ပါ။
၃။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ဂျင်းထည့်ပြီး ၁ မိနစ်၊ ၂ မိနစ်ခန့် ဆီသတ်လိုက်ပါ။ ထို့နောက် ကြက်သွန်မြိတ်ထည့်ပြီး ၄ မိနစ်ခန့် ကြော်ပေးလိုက်ပါ။
၄။ နောက်တစ်ဆင့်အနေနဲ့ နွှင်ထားသော အမဲသားများကို အိုးထဲထည့်ပြီး တစ်မိနစ်ခန့် ကြော်ပေးလိုက်ပါ။
၅။ ပြီးရင်တော့ အဆင့် (၂) က ရောမွှေထားတဲ့ ခရုဆီ သကြားအရောအနှောတို့ကို အမဲသားအိုးထဲ လောင်းထည့်ပြီး ၅ မိနစ်ခန့် ကြော်ပေးလိုက်ပါ။ ဟင်းရည် ပျစ်သွားပြီဆိုရင်တော့ အိုးထဲက ဆယ်ယူပြီး ပန်းကန်ပြားထဲ ပြောင်းထည့်ပေးလိုက်ပါ။
ဒါဆိုရင်တော့ အရသာရှိတဲ့ ကြက်သွန်ရောကြော် အမဲသားနွှင်ကြော်လေး ရရှိသွားပါပြီ။
Source: Spicetheplate.com
(Zawgyi)
ဟင္းလ်ာမ်ား ခ်က္ျပဳတ္တိုင္းမွာ မရွိမျဖစ္လိုအပ္တဲ့ အစားအစာတစ္မ်ိဳးကေတာ့ ၾကက္သြန္ပဲျဖစ္ပါတယ္။ ၾကက္သြန္က သင့္ရဲ႕ဟင္းလ်ာကို အနံ႔ေမႊးေအာင္ ကူညီေပးတဲ့အျပင္ က်န္းမာေရးအတြက္လည္း အေထာက္အပံ့ျဖစ္ေစပါတယ္။
ဒါ့ေၾကာင့္ ဒီတစ္ခါမွာေတာ့ အမဲသားကို ၾကက္သြန္နီမ်ားမ်ားနဲ႔ အရသာရွိေအာင္ ဘယ္လိုေၾကာ္မလဲဆိုတဲ့ဟင္းခ်က္နည္းကို ေဝမွ်ေပးလိုက္တယ္ေနာ္။
ပါဝင္ပစၥည္းမ်ား
- ၾကက္သြန္နီ တစ္ျခမ္း (ပါးပါးလွီးထားပါ)
- ဂ်င္း ၄ ျပားခန္႔
- ဟင္းသီးဟင္းရြက္ဆီ စားပြဲတင္ဇြန္း ၁ ဇြန္း
- သၾကား စားပြဲတင္ဇြန္း ၁ ဇြန္း
- ဟင္းခ်က္ဝိုင္ စားပြဲတင္ဇြန္း ၂ ဇြန္း
Source: abc7news.com
- အမဲသား ၀.၅ ေပါင္
- ခရုဆီ စားပြဲတင္ဇြန္း ၃ ဇြန္း
- ပဲငံျပာရည္ စားပြဲတင္ဇြန္း ၂ ဇြန္း
ျပဳလုပ္နည္း အဆင့္ဆင့္
၁။ အိုးတစ္လံုးထဲ ေရ ၅၀၀ မီလီလီတာခန္႔ထည့္ၿပီး ပြက္ပြက္ဆူလာေအာင္ တည္ထားလိုက္ပါ။ ပြက္ပြက္ဆူလာပါက အမဲသားထည့္ကာ ၁ မိနစ္ခန္႔ တည္ထားလိုက္ပါ။ အမဲသားရဲ႕ မူလအေရာင္ေျပာင္းသြားပါက အမဲသားကို အိုးထဲက ဆယ္ယူလိုက္ပါ။ အေအးခံၿပီးေနာက္
၂။ ခရုဆီ၊ ပဲငံျပာရည္၊ ဟင္းခ်က္ဝိုင္ႏွင့္ သၾကားတို႔ကို ပန္းကန္လံုးအေသးတစ္လံုးထဲထည့္ကာ သမေအာင္ ေမႊထားလိုက္ပါ။
၃။ ဒယ္အိုးကို အပူေပးၿပီး ဆီထည့္ပါ။ ဆီပူလာပါက ဂ်င္းထည့္ၿပီး ၁ မိနစ္၊ ၂ မိနစ္ခန္႔ ဆီသတ္လိုက္ပါ။ ထို႔ေနာက္ ၾကက္သြန္ၿမိတ္ထည့္ၿပီး ၄ မိနစ္ခန္႔ ေၾကာ္ေပးလိုက္ပါ။
၄။ ေနာက္တစ္ဆင့္အေနနဲ႔ ႏႊင္ထားေသာ အမဲသားမ်ားကို အိုးထဲထည့္ၿပီး တစ္မိနစ္ခန္႔ ေၾကာ္ေပးလိုက္ပါ။
၅။ ၿပီးရင္ေတာ့ အဆင့္ (၂) က ေရာေမႊထားတဲ့ ခရုဆီ သၾကားအေရာအေႏွာတို႔ကို အမဲသားအိုးထဲ ေလာင္းထည့္ၿပီး ၅ မိနစ္ခန္႔ ေၾကာ္ေပးလိုက္ပါ။ ဟင္းရည္ ပ်စ္သြားၿပီဆိုရင္ေတာ့ အိုးထဲက ဆယ္ယူၿပီး ပန္းကန္ျပားထဲ ေျပာင္းထည့္ေပးလိုက္ပါ။
ဒါဆိုရင္ေတာ့ အရသာရွိတဲ့ ၾကက္သြန္ေရာေၾကာ္ အမဲသားႏႊင္ေၾကာ္ေလး ရရွိသြားပါၿပီ။
Source: Spicetheplate.com