အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ ဟင်းလျာလေးကတော့ မှို အမဲသားဟင်းလျာ ချက်ပြုတ်နည်းပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၃ ဇွန်း
  • ကြက်သွန်နီ ၂ ဥ (ပါးပါးလှီးထားပါ)
  • မှို ၈ အောင်စ (ထက်ခြမ်း ခြမ်းထားပါ)
  • အမဲသား ၁ ပေါင်ခွဲ (သို့) ၂ ပေါင်ခန့် (အနေတော်အတုံး တုံးထားပါ)
  • ဂျုံမှုန့် စားပွဲတင်ဇွန်း ၃ ဇွန်း

  • ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
  • အမဲပြုတ်ရည် ပန်းကန်လုံး ၂ လုံးစာ (စားပွဲတင်ဇွန်း ၃၂ ဇွန်း)
  • ရှာလကာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • Ketchup စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးတစ်လုံးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ကြက်သွန်နီထည့်ပြီး ၃ မိနစ်၊ ၄ မိနစ်ခန့် ဆီသတ်ပါ။ ထို့နောက် မှိုထည့်ကာ ၈ မိနစ်ခန့် သမအောင် မွှေကြော်ပေးလိုက်ပါ။

မှိုက အညိုဖျော့ရောင်လေး ပြောင်းသွားပြီး နူးအိသွားပြီဆိုရင်တော့ ပန်းကန်လုံးထဲသို့ ပြောင်းထည့်ထားလိုက်ပါ။

၂။ ထိုဒယ်အိုးထဲသို့ပင် အမဲသားတုံးများထည့်လိုက်ပါ။ တစ်ဖက်ခြမ်းက အညိုရောင်ပြောင်းလာပါက အခြားတစ်ဖက်သို့ လှန်ပြီး ကြော်ပေးလိုက်ပါ။ အချိန် ၈ မိနစ်မှ ၁၀ မိနစ်အထိ ကြာပါလိမ့်မယ်။

၃။ ပန်းကန်လုံးတစ်လုံးထဲတွင် ဂျုံမှုန့်၊ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ကို သမအောင် ရောမွှေထားလိုက်ပါ။ အမဲသားက အညိုရောင် ပြောင်းသွားပါက အမဲသားတုံးများပေါ်သို့ ဖြူးထည့်လိုက်ပါ။ ထို့နောက် စောစောက ကြော်ထားသော ကြက်သွန်နီနှင့် မှိုတို့ကို ဒယ်အိုးထဲသို့ ပြန်ပေါင်းထည့်လိုက်ပါ။ အမဲပြုတ်ရည်၊ ရှာလကာရည်နှင့် Ketchup တို့ပါ တစ်ပါတည်း ပေါင်းထည့်လိုက်ပါ။

၄။ သမအောင် မွှေပြီးတဲ့နောက်မှာတော့ မီးအပူချိန်ကို အနည်းငယ် လျော့လိုက်ကာ ဒယ်အိုးအဖုံး အုပ်ထားပြီး အမဲသားများ နူးအိသွားသည်အထိ တည်ထားလိုက်ပါ။

၅။ ဟင်းရည်ကလည်း ပွက်ပွက်ဆူလာပြီး အမဲသားလည်း နူးသွားပြီဆိုရင်တော့ မီးဖိုပေါ်က ချလိုက်လို့ရပါပြီ။

ဒါဆိုရင်တော့ သွားရေကျချင်စရာကောင်းတဲ့ မှို အမဲသားဟင်းလျာလေး ရရှိသွားပါပြီ။

Source: Thespruceeats.com