အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့အရသာရှိပြီး အားလပ်ရက်တွေမှာ အစာပြေအဖြစ် လုပ်စားလို့ရတဲ့ ပဲတီစမ်း (သို့) ကုလားပဲ ပန်ကိတ်ပြုလုပ်နည်းနည်းကို မျှဝေပေးချင်ပါတယ်။
ပါဝင်ပစ္စည်း
- ပဲတီစိမ်း (သို့) ကုလားပဲ ၂ ခွက်
- ပဲပင်ပေါက် အနည်းငယ်
- ကင်မ်ချီအနည်းငယ်
- ကြက်သွန်မြိတ် ၈ ပင်ခန့်
- ဝက်သား (တောက်တောက်စဉ်း) အနည်းငယ်
- ပဲငံပြာရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
- ကြက်သွန်ဖြူ အနည်းငယ်
- နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
- ဆား အနည်းငယ်
- ဆီ (ကြော်ရန်)
ပြုလုပ်နည်း
အရင်ဆုံး ပဲကို ရေဆေးပြီး ၃ နာရီ ၄ နာရီလောက် ရေစိမ်ထားလိုက်ပါ။ ပြီးရင် ရေဆစ်ထားလိုက်ပါ။
ကျန်တဲ့ပါဝင်ပစ္စည်းတွေကိုပြင်ဆင်ပါမယ်။ ပဲပင်ပေါက်ကို ရေနွေးနဲ့ ၂ မိနစ်လောက်ပြုတ်လိုက်ပါ။ ပြီးရင်ရေအေးနဲ့ ပြန်ေးဆလိုက်ပြီး ရေသေချာညှစ်ထုတ်လိုက်ပါ။ ကင်မ်ချီနဲ့ ကြက်သွန်မြိတ်ကို လှီးလိုက်ပါ။ ပြီးရင်တော့ ခွက်ထဲထည့်လိုက်ပြီး အသား၊ ကြက်သွန်မြိတ်၊ ပဲပင်ပေါက်၊ ပဲငံပြာရည်၊ ကြက်သွန်ဖြူ နဲ့ နှမ်းဆီတို့ကို နယ်လိုက်ပါ။
ကျိတ်စက်ထဲမှာ ပဲကိုထည့်ပြီး ကျိတ်လိုက်ပါ။ ရေတစ်ခွက် ရောပြီး ကျိတ်ပါ။ ဆားနည်းနည်းထည့်ပါ။
ပြီးရင်တော့ စောစောက အသီးအရွက်နယ်ထားတာတွေနဲ့ ရောပေးလိုက်ပါ။
ဆီကိုအပူပေးလိုက်ပြီး ဝိုင်းဝိုင်းလေးနဲ့ တစ်ခုချင်းဆီ စိတ်ရှည်လက်ရှည် ထည့်ကြော်လိုက်ပါ။
ဒါဆိုရင်စားလို့ရပါပြီနော်။
ဆော့စ်လုပ်ပြီးတို့စားချင်ရင်တော့ ပဲငံပြာရည်၊ ရှာလကာရည်၊ ရေ တို့ကို စားပွဲတင်ဇွန်း ၁ ဇွန်းဆီ၊ ငရုတ်ကောင်းအနည်းငယ်၊ သကြားအနည်းငယ်ရောလိုက်ပြီးတို့စားလို့ရပါတယ်။
Source: www.koreanbapsang.com
By: MyFood Myanmar