ပျော့ပျော့ အိအိလေးနဲ့ စားလို့ကောင်းတဲ့ ကြက်ဥပေါင်းလေး လုပ်စားရအောင်။
ပါဝင်ပစ္စည်းများ
- ကြက်ဥ ၄ လုံး
- ရေ 300 ml
- ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
- နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်းရဲ့ တစ်ဝက်
- ဆားအနည်းငယ် နှင့်ကြက်သွန်မြိတ် ပါးပါးလှီး
ပြုလုပ်နည်း
ကြက်ဥကို ဖောက်ပြီး ဇလုံတစ်လုံးထဲ ထည့်လိုက်ပါ။ ဆားထည့်ပြီး သေချာမွှေပါ။
ရေနွေးနွေး လေး (ရေနွေးမပူပါနဲ့) ထည့်ရင်း ကြက်ဥကို ဆက်ခလောက်နေပါ။
ပန်းကန်လုံးတစ်လုံးထဲကို ကြက်ဥခလောက်ထားတာကို ဇကာခံပြီး လောင်းထည့်ပါ။ မျက်နှာပြင်မှာ အမြှပ်လေးတွေရှိနေရင် ဇွန်းလေးနဲ့ အသာလေး ခပ်ထုတ်လိုက်ပါ။
ခွက်ရဲ့ အဝကို ပလပ်စတစ်နဲ့ ဖုံးပြီး ၅ မိနစ်လောက်ထားလိုက်ရင် အမြှပ်အသေးလေးတွေကလည်း တဖြည်းဖြည်းပျောက်သွားနိုင်ပါတယ်။
ပြီးရင် အိုးတစ်လုံးထဲ ရေထည့်ပြီး ခုနက ကြက်ဥခွက်ကို အပေါ်မှာ တင်ကာ မီးပြင်းပြင်းနဲ့ ၁၀ မိနစ် – ၁၅ မိနစ်လောက် ပေါင်းပါ။
ကြက်ဥ ပူတင်းလေးရပြီဆိုရင် ကြက်သွန်မြိတ်လေး ညှပ်ပြီး အပေါ်မှာ ဖြူးပေးပါ။
မစားခင်မှာ ပဲငံပြာရည် အကြည်လေးနဲ့ နှမ်းဆီလေး ထည့်ပြီးစားလို့ရပါတယ်။
Photos Credit: Chinasichuanfood