အားလုံးပဲမင်္ဂလာပါနော်။ လုပ်ရတာလည်း ရိုးရှင်းလွယ်ကူပြီး အရသာလည်းရှိတဲ့ ကြက်သွန်မြိတ် ဆီပြန်ခေါက်ဆွဲ (ရှန်ဟိုင်းခေါက်ဆွဲ) ပြုလုပ်နည်းကို မျှဝေပေးချင်ပါတယ်။

ရှန်ဟိုင်းမှာ သိပ်ကိုနာမည်ကျော်တဲ့ ခေါက်ဆွဲဖြစ်ပြီး ကြက်သွန်မြိတ်ဆီနဲ့ လုပ်တာပါ။ ဘယ်လိုလုပ်သလဲဆိုတာ မျှဝေပေးလိုက်ပါတယ်နော်။

ပါဝင်ပစ္စည်း

  • ကြက်သွန်မြိတ်၈၀ ဂရမ်
  • ကြာဇံခေါက်ဆွဲ ၁၀၀ ဂရမ်
  • ပဲငံပြာရည် အညို ၅၀ မီလီလီတာ
  • ပဲငံပြာရည် အနှောက်  ၂၀ မီလီလီတာ
  • သကြား၊ ဆီ၊ ဆား

ပြုလုပ်နည်း

အရင်ဆုံး ကြက်သွန်မြိတ်ကိုရေသေချာဆေးလိုက်ပါ။ ပြီးရင် အရွက်နုတွေကို အပိုင်းအရှည်လေးလှီးလိုက်ပါ။

ပြီးရင်အခြောက်ခံထားပါ။

အဲဒီနောက် ခွက်ထဲကို ပဲငံပြာရည် ၂ မျိုးလုံးကိုခွက်တစ်ခုတည်းမှာ ထည့်ထားပါ။

ဆီကိုအပူပေးလိုက်ပြီး ကြက်သွန်မြိတ်ထည့်ပါ။ အပူချိန်လျှော့လိုက်ပြီးသေချာမွှေပေးလိုက်ပါ။

ရပြီဆိုရင်တော့ သကြားထည့်လိုက်ပါ။ ပြီးရင်သေချာမွှေပေးလိုက်ပါ။

အဲဒီနောက် ပဲငံပြာရည်ကိုထည့်လိုက်ပြီးသေချာမွှေပေးပါ။

ခဏလေးမွှေပေးပြီးရင် အအေးခံလိုက်ပါ။

အဲဒီနောက် ကြက်သွန်မြိတ်ကိုသတ်သတ်၊ ဆီကိုသတ်သတ်ခွဲထားလိုက်ပါ။

ကြာဇံခေါက်ဆွဲကို ရေနွေးပူပူနဲ့ ပြုတ်လိုက်ပြီး အနေတော်ရပြီဆိုရင် ရေဆစ်လိုက်ကာ ရေအေးနဲ့ဆေးလိက်ပါ။

အဲဒီနောက် ခွက်ထဲထည့်လိုက်ပြီး စောစောကလုပ်ထားတဲ့ ဆီနဲ့ နယ်ပေးလိုက်ပါ။ ဆားလိုရင် ဆားထည့်ပါ။

ဒါဆို သုံးဆောင်လို့ရပါပြီနော်။

Source: www.yumofchina.com

By: MyFood Myanmar