အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ကြက်ဥပြုတ်ကို အမဲသား (သို့) ဝက်သားကပ်ပြီးကြော်ထားတဲ့ ကြက်ဥ အသားလုံးကြော် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • နုပ်နုပ်စဉ်းထားသော အမဲသား ၁၃၀ ဂရမ် (ဝက်သားလည်း အသုံးပြုနိုင်ပါတယ်)
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
  • Ketchup နှင့် ငရုတ်သီးဆော့စ် လက်ဖက်ရည်ဇွန်း တစ်ဝက်စီ
  • Panko ပေါင်မုန့်အကြေအစများ ၁၅ ဂရမ်
  • ကြက်ဥ ၄ လုံး ( ၂ လုံးကို မွှေခလောက်ထားပါ)

  • ဂေါ်ဖီ ၃၀ ဂရမ် (နုပ်နုပ်စဉ်းထားပါ)
  • ဂျုံမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်းခွဲ
  • ကြော်ရန် ဆီ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်ဥ ၂ လုံးကို အချိန် ၅ မိနစ်ခွဲခန့် ပြုတ်ပေးလိုက်ပါ။ (စစပြုတ်ချင်း ၂ မိနစ်မှာ ကြက်ဥကို ညှင်သာစွာ မွှေပေးဖို့လိုပါတယ်။ ဒါမှ ကြက်ဥအနှစ်က အလယ်ဗဟိုတည့်တည့်မှာ တည်ရှိနေမှာပါ။)

၂။ သတ်မှတ်ချိန်ပြည့်အောင် ပြုတ်ပြီးတဲ့အခါ ကြက်ဥပြုတ်ကို ရေခဲရေထဲထည့်ပြီး အခွံခွာပေးလိုက်ပါ။

၃။ ကြက်ဥ ၂ လုံးကို မွှေခလောက်ထားပါ။ မွှေခလောက်ထားတဲ့ ကြက်ဥတစ်ဝက်ကို ပေါင်မုန့်အကြေအစတစ်ဝက်နဲ့ ရောနှောပြီးနောက် ကျန်ကြက်ဥအရည်တစ်ဝက်ကိုတော့ ဂျုံမှုန့်ဖြင့် ရောနှောပေးလိုက်ပါ။ ဂျုံမှုန့်နဲ့ ရောတဲ့အခါ မုန့်နှစ်က အရမ်းမပျစ်သွားဖို့အတွက် ရေအနည်းငယ် ထည့်ပေးရပါမယ်။

၄။ နုပ်နုပ်စဉ်းထားသော အမဲသားကို ပန်းကန်လုံးထဲထည့်ပြီးနောက် ဆား၊ ငရုတ်ကောင်းမှုန့်၊ ငရုတ်သီးဆော့စ်နှင့် Ketchup တို့ဖြင့် သမအောင် နယ်ထားလိုက်ပါ။

၅။ ထို့နောက် ပေါင်မုန့်ကြက်ဥအနှစ်၊ ဂေါ်ဖီတို့ထည့်ပြီး သမအောင် ထပ်နယ်ပေးလိုက်ပါ။

၆။ ရရှိလာတဲ့ အသားအရောအနှောကို အညီအမျှ ထက်ခြမ်းခြမ်းလိုက်ပါ။

၇။ အသားတစ်ဝက်ကို လက်ဖဝါးပေါ်တင်ပြီး ပြားနေအောင် ဖိကပ်ပေးလိုက်ပါ။

၈။ ထို့နောက် ကြက်ဥပြုတ် ၁ လုံးကို ဂျုံမှုန့်ဖြင့် အနည်းငယ် ကပ်ပေးလိုက်ပါ။ ပြီးရင် အသားပေါ်တင်ပြီး ကြက်ဥကို အသားဖြင့် ပတ်ပေးလိုက်ပါ။ ဂျုံမှုန့်က ကြက်ဥနဲ့ အသားနဲ့ ကပ်နေအောင် ကူညီပေးပါလိမ့်မယ်။

၉။ ရရှိလာတဲ့အသားလုံးကို ဂျုံမှုန့်နှစ်ဖြင့် ကပ်ပေးလိုက်ပါ။ ထို့နောက် ပေါင်မုန့်အကြေအစဖြင့် ထပ်ကပ်ပေးလိုက်ပါ။

(ကျန်ရှိနေတဲ့ အသားတစ်ခြမ်း၊ ကြက်ဥ တစ်လုံးကိုလည်း ထိုနည်းအတိုင်း ပြုလုပ်ပေးရပါမယ်။)

၁၀။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက အသားလုံးထည့်ပြီး ၅ မိနစ်၊ ၆ မိနစ်ခန့် ကြော်ပေးလိုက်ပါ။

၁၁။ အသားလုံးကို ရွှေညိုရောင် ပြောင်းသွားပြီဆိုရင်တော့ အရသာရှိတဲ့ ကြက်ဥ အသားလုံးကြော်လေး ရရှိသွားပါပြီ။

Source : Cookingwithdog.com