အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ဟင်းလျာလေးကတော့ ဝက်ပေါင်ခြောက် ကြက်ဥမွှေကြော်ဟင်းလျာလေးပဲဖြစ်ပါတယ်။ ဝက်ပေါင်ခြောက် မရှိပါက ဝက်ဆားနယ်ခြောက်လည်း အသုံးပြုနိုင်သလို ရိုးရိုးဝက်သားပဲ သုံးချင်တယ်ဆိုရင်တော့ ဝက်သားကို အတုံးလိုက်ကြော်တာထက်စာရင် နုပ်နုပ်စဉ်းပြီးကြော်ပါက ပိုအရသာရှိပါလိမ့်မယ်။

ပါဝင်ပစ္စည်းများ

  • ဝက်ပေါင်ခြောက် ၈ ပြား
  • ကြက်ဥ ၈ လုံး
  • Light Cream စားပွဲတင်ဇွန်း ၃ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်းတစ်ဝက်
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၈ ပုံ ၁ ပုံ

  • ထောပတ် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ချိစ် စားပွဲတင်ဇွန်း ၅ ဇွန်း
  • ပါးပါးလှီးထားသော ကြက်သွန်မြိတ် စားပွဲတင်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြီးနောက် ထောပတ် စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပါ။ ထောပတ် အရည်ပျော်သွားပါက ဝက်ပေါင်ခြောက်များထည့်ပြီး ဝက်ပေါင်ခြောက်များ အညိုရောင် ပြောင်းသွားသည်အထိ ကြော်ပေးလိုက်ပါ။

၂။ ရရှိလာတဲ့ ဝက်ပေါင်ခြောက်များကို ဆီစုပ်စက္ကူခံထားသော ပန်းကန်ပြားထဲ ထည့်လိုက်ပါ။ ထို့နောက် အတုံးသေးသေးလေးများဖြစ်သွားအောင် ခြေပေးလိုက်ပါ။

၃။ ကြက်ဥ ၈ လုံးကို ပန်းကန်လုံးအကြီးထဲထည့်ပြီးနောက် သမအောင် မွှေခလောက်လိုက်ပါ။ ခရင်မ်၊ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ပြီး သမအောင် ထပ်မွှေခလောက်ပေးရပါမယ်။

၄။ ဒယ်အိုးထဲသို့ ကျန်ရှိနေတဲ့ ထောပတ် ထည့်ပြီး အရည်ဖျော်လိုက်ပါ။ ထို့နောက် ကြက်ဥထည့်လိုက်ပါ။

၅။ ကြက်ဥ မကျက်တကျက်အချိန်မှာ ယောင်းမဖြင့် အသာအယာမွှေပေးလိုက်ပါ။

၆။ ချိစ်၊ ဝက်ပေါင်ခြောက်ကြော်တို့ထည့်ကာ သမသွားသည်အထိ မွှေကြော်ပေးရပါမယ်။

ထို့နောက် မီးဖိုပေါ်ကချလိုက်လို့ရပါပြီ။ ပြီးမှ ကြက်သွန်မြိတ်လေး ဖြူးထည့်ကာ ထမင်းနဲ့အတူတူ အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

ထိုကြက်ဥမွှေကြော်ကို ပေါင်မုန့်မီးကင်နဲ့လည်း တွဲဖက်စားသုံးနိုင်ပါသေးတယ်။

Source: Thespruceeats.com