အားလုံးပဲ မင်္ဂလာပါ။ ပင်လယ်စာချစ်သူများအတွက် ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ ဟင်းလျာလေးကတော့ ပုစွန် ကြက်ဥမွှေကြော်ဟင်းလျာလေးပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပုစွန် ၄ အောင်စ (သန့်စင်အောင် ရေဆေးပြီးနောက် အခွံခွာထားလိုက်ပါ)
  • ကြက်ဥ ၄ လုံး (မွှေခလောက်ထားပါ)
  • ကြက်ပြုတ်ရည် စားပွဲတင်ဇွန်း ၄ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ငရုတ်ကောင်းမှုန့် အနည်းငယ်

  • ဆန်ဝိုင် လက်ဖက်ရည်ဇွန်းတစ်ဝက်
  • ခရုဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ကြက်သွန်မြိတ် ၁ ပင် (ပါးပါးလှီးထားပါ)
  • ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ရေဆေးပြီးသော ပုစွန်များကို သန့်စင်သော အဝတ်စဖြင့် ခြောက်အောင် သုတ်ထားလိုက်ပါ။

၂။ ကြက်ဥကို မွှေခလောက်ပြီးနောက် ကြက်ပြုတ်ရည်၊ ဆား၊ ငရုတ်ကောင်းမှုန့်၊ ဆန်ဝိုင်၊ ခရုဆီနှင့် ကြက်သွန်မြိတ်တို့ထည့်ပြီး သမအောင် ထပ်မံမွှေခလောက်ပေးလိုက်ပါ။

၃။ ဒယ်အိုးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပါ။ ဆီပူလာပါက ပုစွန်ထည့်ပြီးနောက် ပုစွန်များ ပန်းရောင်ပြောင်းသွားသည်အထိ ကြော်ပေးလိုက်ပါ။ ထို့နောက် ပန်းကန်ထဲသို့ ပြောင်းထည့်ထားလိုက်ပါ။

၄။ ထို့နောက် ဒယ်အိုးထဲသို့ ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း ထပ်ထည့်ပါ။ ဆီပူလာပါက ကြက်ဥထည့်ပြီးနောက် ကြက်ဥ မကျက်တကျက်အချိန်မှာ မွှေပေးလိုက်လို့ရပါပြီ။ တစ်မိနစ်ခန့် မွှေကြော်ပြီးသွားတဲ့အခါ ပုစွန်များ ထည့်ကြော်ပေးလိုက်ပါ။ တစ်မိနစ်၊ နှစ်မိနစ်ခန့် ကြော်ပြီးသွားတဲ့အခါမှာတော့ မီးပိတ်လိုက်လို့ရပါပြီ။

ဒယ်အိုးရဲ့မီးအပူရှိန်ဖြင့် တစ်မိနစ်ခန့် ထားထားပြီးမှ ပန်းကန်လုံးထဲသို့ ပြောင်းထည့်လိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ပုစွန် ကြက်ဥမွှေကြော်ဟင်းလျာလေး ရရှိသွားပါပြီ။

Source: Thespruceeats.com