ကိုရီးယား အစားအစာကြိုက်နှစ်သက်သူများအတွက် မိမိအိမ်မှာပဲ အလွယ်တကူ ပြုလုပ်နိုင်တဲ့ ပင်လယ်စာ ချိစ် တော့ပိုကီပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ထော့ပိုကီ ၁ ပေါင်
  • ပုစွန် ၈ ကောင်
  • ကင်းမွန် ၁ ကောင်
  • မုန်ညှင်းထုပ် ၃ အောင်စ
  • ကြက်သွန်မြိတ် ၁ ပင်

Source: Maangchi.com

  • Mozzarella ချိစ် ပန်းကန်လုံးအသေး တစ်ဝက်စာ

ဟင်းခပ်အမွှေးအကြိုင်များ

  • ငရုတ်နှစ် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ငရုတ်သီးမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • သကြား စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပါးပါးလှီးထားသော ကြက်သွန်ဖြူ လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ထော့ပိုကီများကို အနေတော်အရှည် လှီးဖြတ်ပြီးနောက် ရေထဲတွင် မိနစ် ၂၀ ခန့် စိမ်ထားပါ။

၂။ ပုစွန်များကို အခွံချွတ်ထားပါ။ ကင်းမွန်ကို ခပ်သေးသေးလှိးဖြတ်ထားပါ။ မုန်ညှင်းနှင့် ကြက်သွန်မြိတ်တို့ကို ၂ လက်မအရှည် လှီးဖြတ်ထားပါ။

၃။ ဒယ်အိုးကို အပူပေးပြီး ငရုတ်နှစ်၊ ငရုတ်သီးမှုန့်၊ ပဲငံပြာရည်၊ သကြားနှင့် ကြက်သွန်ဖြူတို့ထည့်ကာ မီးပြင်းပြင်းဖြင့် ပွက်ပွက်ဆူလာအောင် တည်ပါ။ ထို့နောက် ထော့ပိုကီချောင်းများထည့်ကာ ၈ မိနစ်မှ ၁၀ မိနစ်ခန့်အထိ တည်ထားပါ။ ထော့ပိုကီများ အိုးမတူဖို့ရန်အတွက် မကြာခဏ မွှေပေးပါ။

၄။ ထော့ပိုကီများ ပျော့သွားတဲ့အခါမှာတော့ မုန်ညှင်းထည့်ကာ ၂ မိနစ်၊ ၄ မိနစ်ခန့် တည်ပါ။ ဆော့စ်အရသာ မြည်းကြည့်ပြီး လိုအပ်ပါက ဟင်းခပ်အမွှေးအကြိုက်အနည်းငယ် ချိန်ထည့်နိုင်ပါတယ်။

၅။ ထို့နောက် ပုစွန်၊ ကင်းမွန်နှင့် ကြက်သွန်မြိတ်တို့ထည့်ကာ သမအောင် မွှေပါ။ ပင်လယ်စာများ ကျက်သွားသည်အထိ တည်ပေးရပါမယ်။

၆။ Mozzaerlla ချိစ်များကို ထော့ပိုကီပေါ်တွင် ဖြူးထည့်ပါ။ အဖုံးအုပ်ထားပြီးနောက် ချိစ်များ အရည်ပျော်သွားသည်အထိ တည်ပေးလိုက်ပါ။

ချိစ်များ အရည်ပျော်သွားတဲ့အခါမှာတော့ အရသာရှိတဲ့ ပင်လယ်စာ ချိစ် တော့ပိုကီလေး ရရှိသွားပါပြီ။

Source: Koreanbapsang.com