အပူအစပ်တွေ အလွန်အကျွံစားမိပြီး ဝမ်းသွားနေတဲ့အခါ (သို့) သွားကိုက်ဝေဒနာ ခံစားရလို့ ဘာအစားအစာမှ မစားချင် ဖြစ်နေတဲ့အခါ၊ ပူပြင်းတဲ့ ရာသီဥတုဒဏ်ကြောင့် ခန္ဓာကိုယ်မှ ရေဓာတ်များ ဆုံးရှုံးသွားပြီး ပင်ပန်းနွမ်းနယ်နေတဲ့အခါ၊ ဘယ်လို ကျန်းမာရေးပြဿနာမျိုးကိုမဆို ရင်ဆိုင်နေရတဲ့အခါ စိတ်ဓာတ်ကြံ့ကြံ့ခိုင်ဖို့လည်း လိုအပ်သလို အာဟာရပြည့်ပြည့်ဝဝ စားသုံးပေးဖို့လည်း လိုအပ်ပါတယ်။

ဒါ့ကြောင့် ဒီတစ်ခါမှာတော့ ကုန်ခမ်းသွားတဲ့ အားအင်များကို ပြန်လည်ဖြည့်တင်းပေးမယ့် ပင်လယ်စာဆန်ပြုတ် ပြုတ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပုစွန် ၈ အောင်စ
  • ဂဏန်း ၂ ကောင်
  • ဆီ စားပွဲတင်ဇွန်း ၃ ဇွန်း
  • ဂျင်း ပြား ၄ ပြား (နုပ်နုပ်စသ်းထားပါ)
  • ရေ ၂ လီတာခွဲ

  • ဆန် နို့ဆီဘူး တစ်ဝက်
  • ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဆားနှင့် ငရုတ်ကောင်းမှုန့်
  • ကြက်သွန်မြိတ်နှင့် နံနံပင် အနည်းငယ် (ပါးပါးလှီးထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပုစွန်ကို ရေဆေးပြီး ပုစွန်ခေါင်းနှင့် အခွံတို့ကို ဖယ်ရှားထားပါ။ ပုစွန်ခေါင်းကို မလွှင့်ပစ်ပါနဲ့။

၂။ ဂဏန်းရဲ့အပေါ်ခွံကို ဖယ်ရှားပြီး ရေဆေးသန့်င်ပေးလိုက်ပါ။ ထို့နောက် ဂဏန်း ၁ ကောင်ကို ၄ ပိုင်းစီ ပိုင်းထားပါ။

၃။ အိုးတစ်လုံးကို အပူပေးပြီးနောက် ဆီထည့်ပါ။ ပုစွန်ခေါင်းနှင့် ဂျင်းတို့ထည့်ပြီး ၂ မိနစ်ခန့် ကြော်ပေးလိုက်ပါ။ ဆီက အနီရောင်ပြောင်းသွားပြီဆိုရင်တော့ ရေ ၂ လီတာခွံထည့်ကာ ပွက်ပွက်ဆူလာအောင် တည်ထားလိုက်ပါ။ မိနစ် ၂၀ ခန့် တည်ပြီးသွားတဲ့နောက်မှာ ပုစွန်ခေါင်းများကို ဖယ်ရှားလိုက်ပါ။

၄။ ဆန်ထည့်ပါ။ ၁၅ မိနစ်ခန့် ဆူပွက်လာအောင် ထပ်တည်ပေးလိုက်ပါ။ အိုးမတူးဖို့ရန်အတွက် ယောင်းမကို အောက်ခြေကနေ မွှေပေးရပါမယ်။ ၁၅ မိနစ်ပြည့်တဲ့အခါ ပုစွန်နှင့် ဂဏန်းတို့ထည့်ပြီး နောက်ထပ် ၁၀ မိနစ်ခန့် ထပ်တည်ပေးလိုက်ပါ။

၅။ ပုစွန်နှင့် ဂဏန်းတို့ ကျက်သွားတဲ့အခါမှာတော့ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ပြီး အရသာအပေါ့အငန်မြည်းကြည့်လိုက်ပါ။

နောက်ဆုံးမှာတော့ အရသာလည်းရှိ အာဟာရလည်း ပြည့်ဝတဲ့ ပင်လယ်စာ ဆန်ပြုတ်လေးကို သုံးဆောင်နိုင်ပါပြီ။ ကြက်သွန်မြိတ်နဲ့ နံနံပင်ကိုတော့ စားခါနီးကျမှ ထည့်စားပေးနိုင်ပါတယ်။

Source : Thewoksoflife.com