အခုရေးပေးမယ့် ဆောစ့်လုပ်နည်းလေးက အရမ်းကိုလွယ်ကူပါတယ်။ သူ့ကို ပင်လယ်စာအကင်မျိုးစုံအပြင် အသားကင်မျိုးစုံနဲ့လည်း တွဲဖက်စားလို့ရပါတယ်။ ဒါကြောင့် အပြင်ကဓာတုပစ္စည်းတွေ၊ ဆိုးဆေးတွေလည်း မပါဝင်လို့ ကျန်းမာရေးအတွက်လည်း မစိုးရိမ်ရတော့ဘူးပေါ့နော်။

လိုအပ်သောပစ္စည်းများ

  • နံနံပင် – ၁ စည်း
  • သံပုရာသီး – ၂ လုံး
  • ငရုတ်သီးစိမ်း အတောင့် – ၂၀ခန့်
  • ရှာလကာရည် – လက်ဖက်ရည်ဇွန်း ၃ ဇွန်း
  • ယိုးဒယားငံပြာရည် – ထမင်းစားဇွန်း ၂ ဇွန်း
  • ဆား – အနည်းငယ်
  • ကြက်သွန်ဖြူ – ၅ မွှာ သေးရင် ၁ ဥ
  • သကြားညို – လက်ဖက်ရည်ဇွန်း ၁ဇွန်း

ပြုလုပ်နည်း

ရေစင်အောင် ဆေးထားတဲ့ ကြက်သွန်ဖြူ ၊ ငရုတ်သီးစိမ်းများကို ညက်အောင်ထောင်းပါ။ နံနံပင်များကို အရိုးရော အရွက်ရော ခပ်နုပ်နုပ်စင်းပါ။

ပြီးလျှင် အားလုံးရောပြီး အရသာများ ထည့်ပါ။ ရေကျက်အေး အနည်းငယ် ရောပါ။ ရှာလကာရည် ထည့်ပါ။ သမအောင်မွှေပြီး စားလို့ရပါပြီ။

ပူစီနံကြိုက်ရင် ပူစီနံရွက်လေးများကို ပါးပါးလှီးထည့်ထောင်းထည့်ပါကလည်း ပိုမွှေးပါတယ်နော် ။ အပေါ့အငံ အချိုအစပ် စတဲ့ အရသာတွေကိုလည်း မိမိကြိုက်နှစ်သက်သလို အချိုးအဆနဲ့ ထည့်လို့ရပါတယ်။

Credit: Warr Tee