အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ ပင်လယ်စာကြိုက်တဲ့သူတွေအတွက် ပင်လယ်စာဟင်းချိုလေး ပြုလုပ်နည်းကို မျှဝေပေးချင်ပါတယ်။ပင်လယ်စာ ဟင်းချိုကို ကိုရီးယားစတိုင်လ်လေး ချက်စားလို့ရအောင် ဘယ်လိုလုပ်ရမလဲဆိုတာ ကြည့်လိုက်ရအောင်နော်။
ပါဝင်ပစ္စည်း
- ပင်လယ်စာများ ( ရေဘဝဲ၊ ခရု၊ ကမာ၊ ပုဇွန်၊ ပြည်ကြီးငါး စသည့်) ၁ ခွက်
- တို့ဖူး အနည်းငယ်
- ဖရုံသခွားသီး အနည်းငယ်
- မှို ၁၀ ခုခန့်
- ကြက်သွန်နီ အနည်းငယ်
- မုန်လာဥဖြူ အနည်းငယ်
- ငရုတ်သီး အစိမ်း နဲ့ အနီ ၂ တောင့်ခန့်
- ကြက်သွန်မြိတ် ၁ ပင်
- ပဲပုပ်အနှစ် စားပွဲတင်ဇွန်း ၂ ဇွန်း
- ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ကြက်သွန်ဖြူတောက်တောက်စဉ်း အနည်းငယ်
- ရှာလကာရည်အနည်းငယ်
- ကြက်စွပ်ပြုတ်ရည် (သို့) ရိုးရိုးရေ ၃ ခွက်
- ဆား
ပြုလုပ်နည်း
အရင်ဆုံး ပင်လယ်စာတွေကို ရေသေချာဆေးလိုက်ပါ။ ဆားနဲ့ သေချာဆေးပါ။
တခားပါဝင်ပစ္စည်းတွေကို အတုံးလေးတွေ လှီးလိုက်ပါ။
ရေကို ပွက်ပွက်ဆူအောင်သည်လိုက်ပြီး ပဲပုပ်အနှစ်ထည့်ပါ။ ပြီးရင် ကြက်သွန်နီနဲ့ မုန်လာဥဖြူ ထည့်ပါ။
အဲဒီနောက် တို့ဖူး၊ ဖရုံသခွားသီး၊ မှို၊ ငရုတ်သီးတို့ကိုထည့်လိုက်ပါ။
ပင်လယ်စာထည့်လိုက်ပြီး ဆားနည်းနည်းထည့်ကာ မွေပေးလိုက်ပါ။ ၂ မိနစ် ၃ မိနစ်လောက်ထားပြီး ရှာလကာရည်ထည့်လိုက်ပါ။
ကျက်ခါနီးရင် ကြက်သွန်မြိတ်ထည့်လိုက်ပြီးနောက်ထပ် မိနစ် အနည်းငယ်လောက် ထပ်ချက်ပေးလိုက်ပါ။ ဒါဆိုရင်တော့ ပင်လယ်စာ ဟင်းချို လေးသုံးဆောင်နိုင်ပါပြီနော်။
Source: www.koreangapsang.com
By: MyFood Myanmar