အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ ပင်လယ်စာကြိုက်တဲ့သူတွေအတွက် ပင်လယ်စာဟင်းချိုလေး ပြုလုပ်နည်းကို မျှဝေပေးချင်ပါတယ်။ပင်လယ်စာ ဟင်းချိုကို ကိုရီးယားစတိုင်လ်လေး ချက်စားလို့ရအောင် ဘယ်လိုလုပ်ရမလဲဆိုတာ ကြည့်လိုက်ရအောင်နော်။

ပါဝင်ပစ္စည်း

  • ပင်လယ်စာများ ( ရေဘဝဲ၊ ခရု၊ ကမာ၊ ပုဇွန်၊ ပြည်ကြီးငါး စသည့်) ၁ ခွက်
  • တို့ဖူး အနည်းငယ်
  • ဖရုံသခွားသီး အနည်းငယ်
  • မှို ၁၀ ခုခန့်
  • ကြက်သွန်နီ အနည်းငယ်

  • မုန်လာဥဖြူ အနည်းငယ်
  • ငရုတ်သီး အစိမ်း နဲ့ အနီ ၂ တောင့်ခန့်
  • ကြက်သွန်မြိတ် ၁ ပင်
  • ပဲပုပ်အနှစ် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

  • ကြက်သွန်ဖြူတောက်တောက်စဉ်း အနည်းငယ်
  • ရှာလကာရည်အနည်းငယ်
  • ကြက်စွပ်ပြုတ်ရည် (သို့) ရိုးရိုးရေ ၃ ခွက်
  • ဆား

ပြုလုပ်နည်း

အရင်ဆုံး ပင်လယ်စာတွေကို ရေသေချာဆေးလိုက်ပါ။ ဆားနဲ့ သေချာဆေးပါ။

တခားပါဝင်ပစ္စည်းတွေကို အတုံးလေးတွေ လှီးလိုက်ပါ။

ရေကို ပွက်ပွက်ဆူအောင်သည်လိုက်ပြီး ပဲပုပ်အနှစ်ထည့်ပါ။ ပြီးရင် ကြက်သွန်နီနဲ့ မုန်လာဥဖြူ ထည့်ပါ။

အဲဒီနောက် တို့ဖူး၊ ဖရုံသခွားသီး၊ မှို၊ ငရုတ်သီးတို့ကိုထည့်လိုက်ပါ။

ပင်လယ်စာထည့်လိုက်ပြီး ဆားနည်းနည်းထည့်ကာ မွေပေးလိုက်ပါ။ ၂ မိနစ် ၃ မိနစ်လောက်ထားပြီး ရှာလကာရည်ထည့်လိုက်ပါ။

ကျက်ခါနီးရင် ကြက်သွန်မြိတ်ထည့်လိုက်ပြီးနောက်ထပ် မိနစ် အနည်းငယ်လောက် ထပ်ချက်ပေးလိုက်ပါ။ ဒါဆိုရင်တော့ ပင်လယ်စာ ဟင်းချို လေးသုံးဆောင်နိုင်ပါပြီနော်။

Source: www.koreangapsang.com

By: MyFood Myanmar