အားလုံးပဲ မင်္ဂလာပါ။ ပင်လယ်စာ ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ ပင်လယ်စာ ပန်ကိတ်ကြော် ပြင်ဆင်ချက်ပြုတ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပုစွန် ၁၂၀ ဂရမ် (အခွံခွာပြီး ပါးပါးလှီးထားပါ)
  • ပြည်ကြီးငါး (သို့) ကင်းမွန် ၁၂၀ ဂရမ် (ပါးပါးလှီးထားပါ)
  • ခုံး ၁၂၀ ဂရမ် (ရေဆေးသန့်စင်ပြီးနောက် အသားကို ပါးပါးလှီးထားပါ)
  • ငရုတ်သီးစိမ်း ၁ တောင့် (ပါးပါးလှီးထားပါ)
  • ကြက်သွန်မြိတ် ၃ ပင် (ပါးပါးလှီးထားပါ)

  • ပါးပါးလှီးထားသော မုန်လာဥနီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဂျုံမှုန့် စားပွဲတင်ဇွန်း ၈ ဇွန်းနှင့် ပြောင်းမှုန့် စားပွဲတင်ဇွန်း ၈ ဇွန်း
  • ကြက်ဥ ၁ လုံး
  • ရေ စားပွဲတင်ဇွန်း ၈ ဇွန်း၊ ငါးငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း၊ ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
  • နှမ်းဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်းနှင့် ဆီ စားပွဲတင်ဇွန်း ၆ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် ပုစွန်၊ ခုံး၊ ပြည်ကြီးငါး၊ ငရုတ်သီးတောင့်၊ ကြက်သွန်မြိတ်၊ မုန်လာဥနီ၊ ဂျုံမှုန့်၊ ပြောင်းမှုန့်၊ ကြက်ဥ၊ ရေ၊ ငါးငံပြာရည်၊ ဆား၊ ငရုတ်ကောင်းမှုန့်နှင့် နှမ်းဆီတို့ထည့်ကာ သမအောင် နယ်ပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း ၃ ဇွန်းခန့် ထည့်ပါ။ ဆီပူလာပါက ပင်လယ်စာမုန့်နှစ် ထမင်းစားဇွန်း ၁ ဇွန်းစာခန့် ခပ်ယူကာ ဆီပူထဲသို့ ထည့်ကြော်လိုက်ပါ။ ဇွန်းဖြင့် ခပ်ဖွဖွလေး ပြားသွားအောင် ဖိကာ ၂ မိနစ်ခန့် ကြော်ပါ။

ထို့နောက် အခြားတစ်ဖက်သို့လှန်ကာ နောက်ထပ် ၁ မိနစ်၊ ၂ မိနစ်ခန့် ကြော်ပါ။ ပန်ကိတ်က ရွှေညိုရောင် ပြောင်းသွားပါက ပန်းကန်ပြားထဲသို့ ဆယ်ထည့်လိုက်ပါ။

မုန့်နှစ်များအားလုံး ကုန်သွားသည်အထိ ကြော်ပေးလိုက်ပါ။

ထိုအဆင့်များအားလုံး ကြော်ပြီးတဲ့နောက်မှာတော့ အရသာရှိတဲ့ ပင်လယ်စာ ပန်ကိတ်ကြော်လေး ရရှိသွားပါပြီ။

မိမိနှစ်သက်ရာအချဉ်ရည်ဖြင့် အရသာရှိရှိ တို့စားနိုင်ပါပြီ။

Source: Asianfoodnetwork.com