အားလုံးပဲ မင်္ဂလာပါ။ ပင်လယ်စာ အစားအစာ ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ ပင်လယ်စာ ပန်ကိတ်ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပုစွန်နှင့် ခုံးကောင် ၄ အောင်စစီ
  • ပြည်ကြီးငါး ၈ အောင်စ
  • ငရုတ်သီးတောင့် အနည်းငယ် (ပါးပါးလှီးထားပါ)
  • ကြက်သွန်မြိတ် ၂ ပင်၊ ၃ ပင် (ပါးပါးလှီးထားပါ)
  • ပါးပါးလှီးထားသော မုန်လာဥနီ စားပွဲတင်ဇွန်း ၁ ဇွန်း

  • ကြက်ဥ ၁ လုံး
  • ငါးငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ဂျုံမှုန့်နှင့် ရေအနည်းငယ်
  • နှမ်းဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၄ ဇွန်းမှ ၆ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပုဇွန်၊ ခုံးနဲ့ ပြည်ကြီးငါးတို့ကို ပါးပါးလှီးပြီးနောက် ပန်းကန်လုံးထဲ ထည့်ထားပါ။ ထိုပန်းကန်လုံးထဲသို့ ငရုတ်သီး၊ ကြက်သွန်မြိတ်၊ မုန်လာဥနီ၊ ဂျုံမှုန့်၊ ကြက်ဥ၊ ရေ၊ ငါးငံပြာရည်၊ ဆားအနည်းငယ်၊ ငရုတ်ကောင်းမှုန့် အနည်းငယ်နှင့် နှမ်းဆီတို့ထည့်ပြီး သမအောင် ရောမွှေလိုက်ပါ။

၂။ ဒယ်အိုးကို အလယ်အလယ်မီးအပူချိန်ဖြင့် အပူပေးထားပြီး ဟင်းသီးဟင်းရွက်ဆီ ၃ ဇွန်းခန့်ထည့်လိုက်ပါ။ ဆီပူလာပါက ပန်းကန်လုံးထဲက မုန့်နှစ်များကို ဇွန်း ၂ ဇွန်းအပြည့် ခပ်ယူပြီး ဒယ်အိုးထဲထည့်ပါ။ ထည့်လိုက်သော မုန့်နှစ်ကို အဝိုင်းပုံသဏ္ဍာန် ဖြန့်ကျက်လိုက်ပါ။

၃။ ၂ မိနစ်လောက် ကြာလာပါက ပန်ကိတ်ကို တစ်ဖက်သို့ လှန်ပေးလိုက်ပါ။ နောက်ထပ် ၂ မိနစ်ခန့် ပြည့်သွားပါက ပန်ကိတ်တစ်ခုလုံး ရွှေညိုရောင်ပြောင်းသွားပါလိမ့်မယ်။ ရွှေညိုရောင် ပြောင်းသွားသော ပန်ကိတ်များကို ဆယ်ထုတ်လိုက်ပြီး ကျန်တဲ့မုန့်နှစ်များကို ဆက်ကြော်ပေးလိုက်ပါ။

အားလုံးကြော်ပြီးသွားတဲ့အခါမှာတော့ စားချင်စဖွယ် အနံ့ အရသာလေးနဲ့ ပြည့်စုံတဲ့ ပင်လယ်စာ ပန်ကိတ်လေးကို အဆာပြေမုန့်အဖြစ် စားသုံးနိုင်သလို ထမင်းနဲ့လည်း အရသာရှိရှိ တွဲစားနိုင်ပါတယ်။

Source : maangchi.com