အားလုံးပဲ မင်္ဂလာပါ။ နေ့ခင်းနေ့လည်မှာ အာဟာရပြည့်ဝတဲ့ သွားရေစာမုန့်စားချင်သူများအတွက် ပင်လယ်စာပန်ကိတ်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပြည်ကြီးငါး၊ ပုစွန်၊ ခုံး စသည့် ပင်လယ်စာများ ၂၅၀ ဂရမ်
  • နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ကြက်သွန်မြိတ် ၂ စည်း၊ ငရုတ်သီးတောင့် ၃ တောင့်ခန့် (ပါးပါးလှီးထားပါ)
  • ကြက်ဥ ၁ လုံး (မွှေခလောက်ထားပါ)
  • ပြောင်းမှုန့်နှင့် ရေခဲရေအနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပင်လယ်စာများကို ရေများများဖြင့် ဆေးကြောပြီးနောက် အနေတော်အတုံး တုံးထားလိုက်ပါ။ ကြက်သွန်မြိတ်များကို တစ်ဝက်စီလှီးဖြတ်ထားပါ။ ထို့နောက် ပင်လယ်စာများကို နှမ်းဆီဖြင့် နယ်ထားလိုက်ပါ။

၂။ ပြောင်းမှုန့်ကို ရေခဲရေအနည်းငယ်ဖြင့် သမအောင် ရောမွှေပေးလိုက်ပါ။ ထို့နောက် ပင်လယ်စာများထည့်ကာ သမအောင် ထပ်မွှေပေးလိုက်ပါ။

၃။ ဒယ်အိုးကို အပူပေးပြီး ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၄ ဇွန်းထည့်ပါ။ ဆီပူလာပါက ဒယ်အိုးထဲသို့ ပင်လယ်စာမုန့်နှစ်များထည့်ပေးလိုက်ပါ။ ကြက်သွန်မြိတ်များထည့်ကာ ဇွန်းဖြင့် ဖိပေးလိုက်ပါ။ ထို့နောက် ငရုတ်သီးထည့်ပါ။ မွှေခလောက်ထားသော ကြက်ဥများ ဆမ်းထည့်ပေးလိုက်ပါ။

၄။ (၃) မိနစ်၊ (၄) မိနစ်ခန့်ကြာတဲ့အခါ ပန်ကိတ်ကို တစ်ဖက်သို့ လှန်လိုက်ပါ။ ဆီ လိုအပ်ပါက ဆီထပ်ထည့်ပေးနိုင်ပါတယ်။

(၂) မိနစ်၊ (၃) မိနစ်ကြာတဲ့အခါမှာတော့ အရသာရှိတဲ့ ပင်လယ်စာ ပန်ကိတ်လေး ရရှိသွားပါပြီ။

Source: Koreanbapsang.com