အားလုံးပဲ မင်္ဂလာပါ။ မနက်ခင်းလေးမှာ အာဟာရဖြည့်တင်းဖို့ရန်အတွက် ထမင်းကြော်ပူပူလေး စားသုံးလေ့ရှိသူများအတွက် ဒီတစ်ခါမှာတော့ ပင်လယ်စာ ပုစွန် ကြက်ဥထမင်းကြော် ပြင်ဆင်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပုစွန် ၈ အောင်စ
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ပြောင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
  • မြေပဲဆီ စားပွဲတင်ဇွန်း ၃ ဇွန်း
  • ကြက်ဥ ၃ လုံး (မွှေခလောက်ထားပါ)

  • ကြက်သွန်မြိတ် ၂ ပင် (နုပ်နုပ်စဉ်းထားပါ)
  • ထမင်း ပန်းကန်လုံး ၃ လုံးစာ
  • ပဲလုံးစိမ်းနှင့် လေးထောင့်အတုံးငယ် တုံးထားသော မုန်လာဥနီ အနည်းငယ်
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပုစွန်များကို အခွံခွာထားပြီးနောက် ရေဆေးသန့်စင်ထားပါ။ ထို့နောက် ပန်းကန်လုံးထဲထည့်ကာ ဆား၊ ငရုတ်ကောင်းမှုန့်၊ ပြောင်းမှုန့်တို့ဖြင့် သမအောင် နယ်ကာ ၁၀ မိနစ်ခန့် နှပ်ထားလိုက်ပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပါ။ ဆီပူလာပါက ပုစွန်များထည့်ကာ စက္ကန့် ၃၀ခ န့် ကြော်ပေးလိုက်ပါ။ ထို့နောက် အခြားတစ်ဖက်သို့လှန်ကာ နောက်ထပ် စက္ကန့် ၃၀ ခန့် ကြော်ပေးလိုက်ပါ။ ပြီးရင်တော့ ပန်းကန်ထဲ ပြောင်းထည့်ထားပါ။

၃။ တစ်ဖန် ဒယ်အိုးကို အပူပေးပြိး ဆီ အနည်းငယ် ထပ်ထည့်ပါ။ ဆီပူလာပါက ကြက်ဥထည့်ကာ မွှေကြော်ပေးလိုက်ပါ။ ထို့နောက် ပန်းကန်ပြားထဲ ပြောင်းထည့်ထားပါ။

၄။ နောက်တစ်ဆင့်အနေနဲ့ ကြက်သွန်မြိတ်များထည့်ကာ ၁၅ စက္ကန့်ခန့် ဆီသတ်ပါ။

၅။ ထို့နောက် ထမင်းထည့်ကာ ၂ မိနစ်ခန့် မွှေကြော်ပါ။

၆။ ထို့နောက် ပဲငံပြာရည်၊ ပဲလုံးစိမ်း၊ ပုစွန်၊ ကြက်ဥနှင့် နှမ်းဆီတို့ထည့်ကာ သမအောင် မွှေကြော်ပေးလိုက်ပါ။

အရသာအပေါ့အငန် မြည်းကြည့်ပြီးနောက်မှာတော့ လိုအပ်ပါက ပဲငံပြာရည် ထပ်ထည့်နိုင်ပါတယ်။

ထိုအဆင့်များအားလုံး ပြီးသွားတဲ့အခါမှာတော့ အရသာရှိတဲ့ ပုစွန် ကြက်ဥထမင်းကြော်လေး ရရှိသွားပါပြီ။

Source: Simplyrecipes.com