ဒင်းဆမ်း တမျိုးဖြစ်သည့် ရေညှိကြက်သားပေါင်းလေးပါ။ ရေညှိရွက်နဲ့ လိပ်ပြီး ကြက်သား၊ ပုဇွန်၊ မုန်လာဥနီကို ပေါင်းထားတာပါ။ အချိန်တိုတွင်းမှာပဲ လုပ်စားနိုင်တဲ့ ဒင်းဆမ်း လုပ်နည်းတမျိုးပါ။ လုပ်နည်းလေး ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

ရေညှိရွက် – ၂ရွက်

ကြက်သား – ၃၀၀ ဂရမ် (နုတ်နုတ်စဉ်းပါ)

ပုဇွန် – ၂၀၀ ဂရမ် (နုတ်နုတ်စဉ်းပါ)

မုန်လာဥနီ – စားပွဲတင်ဇွန်း ၁ဇွန်းစာ (နုတ်နုတ်စဉ်းထားပါ)

ကြက်သွန်မြိတ် – စားပွဲတင်ဇွန်း ၁ဇွန်း (နုတ်နုတ်စဉ်းပါ)

ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း

ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း

ငရုတ်ကောင်းမှုန့် – အနည်းငယ်

ကော်မှုန့် – စားပွဲတင်ဇွန်း ၁ဇွန်း

ချက်ပြုတ်နည်းများ

၁။ ရေညှိရွက်မှအပ ကျန်ပါဝင်ပစ္စည်များဖြစ်သော (ကြက်သား၊ ပုဇွန်၊ မုန်လာဥနီ၊ ကြက်သွန်မြိတ်၊ ဆား၊ ကြက်သားမှုန့်၊ ငရုတ်ကောင်းမှုန့်၊ ကော်မှုန့်) အားလုံးကို သမအောင် ရောနယ်လိုက်ပါ။

၂။ ထို့နောက် ဝါးယင်းလိပ်ပြားပေါ်တွင် ရေညှိရွက် ၁ရွက်ခင်းလိုက်ပါ။

၃။ ပြီးမှ နယ်ထားသော ကြက်သားတဝက်ကို ရေညှိရွက်ပေါ်တွင် ခင်းပေးပြီး ပုံတွင်ပါသည့်အတိုင်း လိပ်ပေးပါ။

၄။ ရေညှိရွက်အဆုံးကို ရေအနည်းငယ်စွတ်ပြီး ဆက်လှိမ့်လိုက်ပါ။

၅။ ထို့နောက် ဓားဖြင့် ၈ပိုင်းပိုင်းလိုက်ပါ။

၆။ ပြီးမှ ပေါင်းအိုးဖြင့် ၁၀မိနစ်ခန့် ပေါင်းပေးပါ။

ရ။ ပူပူနွေးနွေးလေး ဒင်းဆမ်း ရေညှိ ကြက်သားပေါင်းကို သုံးဆောင်နိုင်ပါပြီ….

Credit: Cho Wut Yee (Wutyee Food House)