အားလုံးပဲ မင်္ဂလာပါ။ ကြက်သားကြော် ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ နှမ်းကပ်ကြက်သားကြော် ကြော်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ပေါင် ၄၅၀ ဂရမ် (အရိုးနွှင်ထားပြီး အတုံးခပ်သေးသေးတုံးထားပါ)
  • ပြောင်းမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် ဂျုံမှုန့် ၃၂ ဂရမ်
  • နှမ်းအနှစ် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် လှော်ထားသော နှမ်းစေ့ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဆားနှင့် ငရုတ်ကောင်းမှုန့်အနည်းငယ်
  • ဟင်းချက်ဝိုင် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ဆော့စ်ပြုလုပ်ရန် လိုအပ်သောပါဝင်ပစ္စည်းများ

  • ဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ကြက်သွန်ဖြူ ၁ မြွှာ (နုပ်နုပ်စဉ်းထားပါ)
  • ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ကြက်ပြုတ်ရည် ၁၈၀ မီလီလီတာ
  • ဆန်ရှာလကာရည် လက်ဖက်ရည်ဇွန်း တစ်ဝက်

  • သကြား စားပွဲတင်ဇွန်း ၃ ဇွန်း
  • ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် ပဲငံပြာရည်အနှေြက် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • နှမ်းဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ပြောင်းမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း (ရေ စားပွဲတင်ဇွန်း ၂ ဇွန်းဖြင့် ရောနှောထားပါ)
  • ကြက်သွန်မြိတ် ၁ ပင် (ပါးပါးလှီးထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်သားကို ပြောင်းမှုန့်၊ နှမ်းနှစ်၊ ဆား၊ ဟင်းချက်ဝိုင်တို့ဖြင့် သမအောင် ရောမွှေပြီးနောက် မိနစ် ၂၀ ခန့် နှပ်ထားလိုက်ပါ။ အခြားပန်းကန်လုံးတစ်လုံးထဲတွင် ဂျုံမှုန့်၊ နှမ်းစေ့နှင့် ငရုတ်ကောင်းမှုန့်တို့ကို သမအောင် ရောနှောထားလိုက်ပါ။

Oven ကို ၄၇၄ ဒီဂရီဖြင့် ကြိုတင်အပူပေးထားလိုက်ပါ။

၂။ ကြက်သား နှပ်ထားသောအချိန်ပြည့်သွားပါက ကြက်သားတုံးများကို ဂျုံမှုန့်ဖြင့် ကပ်ပေးလိုက်ပါ။ ထို့နောက် Oven ထဲထည့်မယ့် လင်ဗန်းပေါ်တွင် တင်ထားလိုက်ပါ။ ပြီးရင်တော့ ထိုကြက်သားများကို Oven ထဲတွင် ၈ မိနစ်ခန့် ထည့်ဖုတ်ပေးလိုက်ပါ။

(၃) မိနစ်ပြည့်တဲ့အခါ ကြက်သားကို တစ်ဖက်သို့လှန်ပြီးနောက် ထပ်ဖုတ်ပေးရပါမယ်။ အချိန် (၈) မိနစ်ပြည့်သွားပါက မီးဖိုထဲက ထုတ်လိုက်လို့ရပါပြီ။

၃။ ဒယ်အိုးကို အပူပေးပြီး ဆီနှင့် ကြက်သွန်ဖြူထည့်ပါ။ ၅ စက္ကန့်ခန့် ဆီသတ်ပြီးပါက ဟင်းချက်ဝိုင်ထည့်ပါ။ ထို့နောက် ကြက်ပြုတ်ရည်၊ ဆန်ရှာလကာရည်၊ ပဲငံပြာရည်များနှင့် နှမ်းဆီတို့ထည့်ကာ သမအောင်မွှေပေးလိုက်ပါ။

၄။ အရည်များ ပွက်ပွက်ဆူလာပါက ရေရောထားသော ပြောင်းမှုန့်အနှစ်များထည့်ကာ ပွက်ပွက်ဆူလာအောင် တည်ထားလိုက်ပါ။ စက္ကန့် ၂၀၊ ၃၀ ခန့်ကြာသွားတဲ့အခါမှာတော့ ကြက်သားတုံးများနှင့် ကြက်သွန်မြိတ်များကို အိုးထဲလောင်းထည့်ကာ သမအောင် မွှေပေးလိုက်ပါ။

ထို့နောက် မီးဖိုပေါ်ကချပြီး နှမ်းစေ့များဖြူးထည့်ကာ ဇွန်းဖြင့် မွှေပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ နှမ်းကပ် ကြက်သားကြော်လေး ရရှိသွားပါပြီ။

Source: Thewoksoflife.com