(Unicode)
အားလုံးပဲ မင်္ဂလာပါ။ ဟင်းရည်ပြုလုပ်တဲ့အခါမှာလည်း ပါဝင်အစားအစာတစ်မျိုးအဖြစ် ထည့်စားနိုင်သလို အကြော်အဖြစ်လည်း စားသုံးနိုင်တဲ့ ပဲပြားကို ဒီတစ်ခါမှာတော့ နှမ်းကပ်နဲ့ ရောကြော်နည်းကို ဝေမျှပေးချင်ပါတယ်။
ပါဝင်ပစ္စည်းများ
- နှမ်းစေ့အဖြူနှင့် အမဲ စားပွဲတင်ဇွန်းတစ်ဇွန်းစီ
- ပြောင်းမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း
- ဆားအနည်းငယ်
- ငရုတ်ကောင်းမှုန့် အနည်းငယ်
- ဆီအနည်းငယ်
- ပဲပြား တစ်တုံး (လေးထောင့် အတုံးငယ်များ တုံးထားလိုက်ပါ)
- ကြက်သွန်မြိတ် ၁ ပင် (ပါးပါးလှီးထားပါ)
ပြုလုပ်နည်း အဆင့်ဆင့်
၁။ ပန်းကန်ပြားတစ်ခုပေါ်တွင် နှမ်းစေ့အဖြူ စားပွဲတင်ဇွန်းတစ်ဇွန်း၊ နှမ်းစေ့အမဲ စားပွဲတင်ဇွန်းတစ်ဇွန်း၊ ပြောင်းမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း၊ ဆားအနည်းငယ်၊ ငရုတ်ကောင်းမှုန့် အနည်းငယ်တို့ထည့်ပြီး သမအောင် ရောနှောထားလိုက်ပါ။ ထို့နောက် ပြဲပားအတုံးငယ်များကို ထိုအမှုန့်များဖြင့် ရောနှောပေးလိုက်ပါ။
၂။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ပဲပြားတုံးများ ထည့်ကြော်ပေးလိုက်ပါ။ ပဲပြားက ရွှေညိုရောင်ပြောင်းသွားပါက အခြားတစ်ဖက်သို့လှန်ပြီး ထပ်ကြော်ပေးလိုက်ပါ။
နှစ်ဖက်စလုံးကြော်ပြီးသွားပါက ပဲပြားရဲ့ ဘေးအနားသားတွေကို ဆက်ကြော်ပေးရပါမယ်။
အားလုံးကြော်ပြီးသွားပြီဆိုရင်တော့ အရသာရှိတဲ့ နှမ်းကပ်ပဲပြားကြော်လေး ရရှိသွားပါပြီ။ ကြက်သွန်မြိတ် အနည်းငယ်ဖြူးကာ မိမိနှစ်သက်ရာ အချဉ်ရည်၊ ဆော့စ်တို့ဖြင့် အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။
Source: Chinasichuanfood.com
(Zawgyi)
အားလံုးပဲ မဂၤလာပါ။ ဟင္းရည္ျပဳလုပ္တဲ့အခါမွာလည္း ပါဝင္အစားအစာတစ္မ်ိဳးအျဖစ္ ထည့္စားႏိုင္သလို အေၾကာ္အျဖစ္လည္း စားသံုးႏိုင္တဲ့ ပဲျပားကို ဒီတစ္ခါမွာေတာ့ ႏွမ္းကပ္နဲ႔ ေရာေၾကာ္နည္းကို ေဝမွ်ေပးခ်င္ပါတယ္။
ပါဝင္ပစၥည္းမ်ား
- ႏွမ္းေစ့အျဖဴႏွင့္ အမဲ စားပြဲတင္ဇြန္းတစ္ဇြန္းစီ
- ေျပာင္းမႈန္႔ စားပြဲတင္ဇြန္း ၂ ဇြန္း
- ဆားအနည္းငယ္
- ငရုတ္ေကာင္းမႈန္႔ အနည္းငယ္
- ဆီအနည္းငယ္
- ပဲျပား တစ္တံုး (ေလးေထာင့္ အတံုးငယ္မ်ား တံုးထားလိုက္ပါ)
- ၾကက္သြန္ၿမိတ္ ၁ ပင္ (ပါးပါးလွီးထားပါ)
ျပဳလုပ္နည္း အဆင့္ဆင့္
၁။ ပန္းကန္ျပားတစ္ခုေပၚတြင္ ႏွမ္းေစ့အျဖဴ စားပြဲတင္ဇြန္းတစ္ဇြန္း၊ ႏွမ္းေစ့အမဲ စားပြဲတင္ဇြန္းတစ္ဇြန္း၊ ေျပာင္းမႈန္႔ စားပြဲတင္ဇြန္း ၂ ဇြန္း၊ ဆားအနည္းငယ္၊ ငရုတ္ေကာင္းမႈန္႔ အနည္းငယ္တို႔ထည့္ၿပီး သမေအာင္ ေရာေႏွာထားလိုက္ပါ။ ထုိ႔ေနာက္ ပျဲပားအတံုးငယ္မ်ားကို ထိုအမႈန္႔မ်ားျဖင့္ ေရာေႏွာေပးလိုက္ပါ။
၂။ ဒယ္အိုးကို အပူေပးၿပီး ဆီထည့္ပါ။ ဆီပူလာပါက ပဲျပားတံုးမ်ား ထည့္ေၾကာ္ေပးလိုက္ပါ။ ပဲျပားက ေရႊညိဳေရာင္ေျပာင္းသြားပါက အျခားတစ္ဖက္သို႔လွန္ၿပီး ထပ္ေၾကာ္ေပးလိုက္ပါ။
ႏွစ္ဖက္စလံုးေၾကာ္ၿပီးသြားပါက ပဲျပားရဲ႕ ေဘးအနားသားေတြကို ဆက္ေၾကာ္ေပးရပါမယ္။
အားလံုးေၾကာ္ၿပီးသြားၿပီဆိုရင္ေတာ့ အရသာရွိတဲ့ ႏွမ္းကပ္ပဲျပားေၾကာ္ေလး ရရွိသြားပါၿပီ။ ၾကက္သြန္ၿမိတ္ အနည္းငယ္ျဖဴးကာ မိမိႏွစ္သက္ရာ အခ်ဥ္ရည္၊ ေဆာ့စ္တို႔ျဖင့္ အရသာရွိရွိသံုးေဆာင္ႏိုင္ပါၿပီ။
Source: Chinasichuanfood.com