အားလုံးပဲ မင်္ဂလာပါ။ မုန့်နှစ်တွေနဲ့ ကြွပ်ရွအောင် ကြော်ထားတဲ့ ကြက်သားကြော်တွေ စားနေရတာ ငြီးငွေ့နေပြီလား။

ဒါဆိုရင်တော့ နှမ်းစေ့တွေနဲ့ ရောကြော်ထားတဲ့ နှမ်းကပ် ကြက်သားကြော် ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

• ကြက်ရင်အုံ တစ်တုံး
• ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း ၁ ဇွန်း
• ခရုဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
• ငရုတ်ကောင်းမှုန့် အနည်းငယ်
• ပြောင်းမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း

• နှမ်း အဖြူနှင့် အမဲ စားပွဲတင်ဇွန်း ၄ ဇွန်းစီ
• နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• ကြက်ဥ ၁ လုံး (မွှေခလောက်ထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်ရင်အုံသားကို ၃ ပိုင်း ပိုင်းထားပြီးနောက် ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း၊ ခရုဆီ၊ ငရုတ်ကောင်းမှုန့်တို့ဖြင့် နယ်ဖတ်ထားပြီးနောက် အသားထဲစိမ့်ဝင်သွားဖို့ရန်အတွက် ၁၅ မိနစ်ခန့် စိမ်ထားလိုက်ပါ။

၁၅ မိနစ်ပြည့်ပါက ပြောင်းမှုန့်လေးများထည့်ပြီး ထပ်နယ်ဖတ်ပေးရပါမယ်။

၂။ ကြက်ရင်အုံသားပေါ်သို့ မွှေခလောက်ထားသော ကြက်ဥအရည်များ သုတ်လိမ်းပေးလိုက်ပါ။ နှမ်းစေ့များလည်း တစ်ခါတည်း ကပ်ထားလိုက်ပါ။

၃။ ဒယ်အိုးကို အပူပေးပြီး ဆီသုတ်လိမ်းထားပါ။ ဆီပူလာပါက ကြက်သားတုံးများ ထည့်ပြီး ၃ မိနစ်ခန့် မီးအေးအေးဖြင့် ကြော်ပေးလိုက်ပါ။

ကြက်သားတုံးရဲ့ နှစ်ဖက်စလုံးကို ကြော်ပေးရပါမယ်။

အားလုံးပြီးစီးသွားတဲ့အခါမှာတော့ နှမ်းဆီနံ့မွှေးမွှေးလေးနဲ့ အရသာရှိတဲ့ နှမ်းကပ် ကြက်သားကြော်လေးကို မိမိနှစ်သက်ရာ အချဉ်ရည်နဲ့ တွဲစားနိုင်သလို ထမင်းပူပူလေးနဲ့ တွဲဖက်စားသုံးမယ်ဆိုရင်လည်း အင်မတန် ခံတွင်းတွေ့မှာပဲဖြစ်ပါတယ်။

Source: Chinasichuanfood.com