ငါးဟင်းချက်ရင် မစားဘူးလို့ ဆန္ဒပြတတ်တဲ့ အိမ်က ကလေးတွေအတွက် တစ်မူထူးခြားတဲ့ ပင်လယ်ငါးကင်အရသာလေးနဲ့ သွားရေတမြှားမြှားကျလာပြီး စားချင်စိတ်ပေါ်လာအောင် ဆွဲဆောင်လိုက်ကြရအောင်။

ပါဝင်ပစ္စည်းများ

Source: Shutterstock

  • ပင်လယ်ငါးကြီး (သို့) မိမိနှစ်သက်ရာ ငါးတစ်မျိုးမျိုး ၄ အောင်စခန့်
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၈ ဇွန်း
  • ရှာလကာရည် စားပွဲတင်ဇွန်း ၈ ဇွန်း
  • နှမ်းဆီ စားပွဲတင်ဇွန်း ၂ ဖွန်း
  • ပါးပါးလှီးထားသော ဂျင်း စားပွဲတင်ဇွန်း ၂ ဇွန်း

  • ကြက်သွန်ဖြူ ၃ မြွှာ (ပါးပါးလှီးထားပါ)
  • ပါးပါးလှီးထားသော ကြက်သွန်မြိတ် စားပွဲတင်ဇွန်း ၈ ဇွန်းခန့်
  • နှမ်းအနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံး တစ်လုံးထဲမှာ ပဲငံပြာရည်၊ ရှာလကာရည်၊ နှမ်းဆီ၊ ကြက်သွန်ဖြူ၊ ဂျင်းနှင့် ကြက်သွန်မြိတ် တို့ကို သမအောင် ရောနှောလိုက်ပါ။ (ကြက်သွန်မြိတ်ကိုတော့ တစ်ဝက်ပဲ အသုံးပြုပေးရပါမယ်)

၂။ အလုံပိတ်အိတ်ထဲမှာ ငါးအသားလွှာကို ထည့်လိုက်ပြီး ထိုအိတ်ထဲသို့ စောစောကရောထားသော အရည်များကို လောင်းထည့်လိုက်ပါ။ လေမဝင်အောင် အိတ်ကို လုံအောင်ပိတ်ထားပြီး ငါးအသားလွှာအနှံ့ အရည်များ ပျံ့နှံ့သွားအောင် ပြုလုပ်ပေးလိုက်ပါ။

၃။ ထို့နောက် ရေခဲသေတ္တာထဲမှ ၂ နာရီမှ ၄ နာရီကြာသည်အထိ ထည့်ထားလိုက်ပါ။

၄။ ဒယ်အိုးကို ၅ မိနစ်ခန့် ကြိုတင်အပူပေးထားလိုက်ပါ။

၅။ အချိန်ပြည့်ပါက ငါးကို ရေခဲသေတ္တာထဲက ထုတ်ပြီး ငါးပေါ်သို့ နှမ်းစေ့များ ဖြူးပေးလိုက်ပါ။

၆။ ဒယ်အိုးထဲသို့ ငါးအလွှာထည့်ပြီးနောက် မီးအေးအေးလေးနဲ့ ၇ မိနစ်၊ ၈ မိနစ်ခန့် ကင်ပေးလိုက်ရပါမယ်။

၇။ ငါးကျက်သွားပါက အလုံပိတ်အိတ်ထဲမှာ ကျန်နေခဲ့တဲ့ အချဉ်ရည်များကို ဒယ်အိုးထဲသို့ လောင်းထည့်လိုက်ပါ။ အချဉ်ရည်များ ပွက်ပွက်ဆူလာပါက မီးပိတ်လိုက်လို့ရပါပြီ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ပင်လယ်ငါးကင်လေးကို ထမင်းနဲ့ အရသာရှိရှိသုံးဆောင်နိုင်ပြီပဲဖြစ်ပါတယ်။

Source: thespruceeats.com