>နာမည်လေးကြားတာနဲ့တွင် သွားရည်ယိုမိလောက်အောင် ဆန်းသစ်ပြီး ထူးခြားတဲ့အရသာလေးဖြစ်စေမှာပါ။နှမ်း ဆိုတာကလည်း မွှေးမွှေးသင်းသင်းလေးနဲ့ ဟင်းလျာကို ပိုပြီးအလှဆင်စေပါတယ်။အကယ်၍ ပဲပြားကို အရမ်းကြိုက်နှစ်သက်လို့ပဲဖြစ်ဖြစ်၊ နည်းမျိုးစုံ ချက်စားပြီး ခံတွင်းသိပ်မတွေ့လှလို့ပဲဖြစ်ဖြစ် ဒီနည်းအသစ်အဆန်းလေးကို လုပ်စားကြည့်ကြဖို့ တိုက်တွန်းပါတယ်။
ပါဝင်ပစ္စည်းများ
- ပဲပြား ၁တုံး
- ေကာ်မှုန့် (လက်ဖက်ရည် ဇွန်း ၁ဇွန်း)
- ပဲငံပြာရည် (စားပွဲတင်ဇွန်း ၁ဇွန်း)
- ရှာလကာရည် (စားပွဲတင်ဇွန်း၂ဇွန်း)
- ကြက်သွန်ဖြူ ထောင်းပြီးသား ၁ဇွန်း
- ဂျင်း ထောင်းပြီးသား တစ်ဇွန်း
- နမ်း (စားပွဲတင် ဇွန်းတစ်ဝက်)
- နမ်းဆီ (လက်ဖက်ရည် ဇွန်းတစ်ဇွန်း)
- ငရုတ်သီး အကြမ်းဖတ် ဇွန်းတစ်ဝက်
- ပျားရည် (စားပွဲတင်ဇွန်း ၂ဇွန်း)
- ဆီ ၃ဇွန်း
- ကြက်သွန်မြိတ် အနည်းငယ်
- ဆားအနည်းငယ်
- ဂျုံမှုန့်
ပြုလုပ်နည်း
အချဉ်စပ်ရန်
- ဇလုံတစ်ခုထဲတွင် ပဲငံပြာရည်၊ ရှာလကာရည်၊ ဂျင်း၊ ကြက်သွန်ဖြူ၊ ငရုတ်သီးအကြမ်းဖတ်၊ နှမ်း၊ နှမ်းဆီ၊ ပျားရည်၊ ကော်မှုန့် တို့ကိုရောသမအောင် မွှေပါ။
- ပြီးနောက် ဒယ်အိုးထဲတွင် ဆူအောင်ထားပါ။ ဆူလာ၍ အရည်ပျစ်သည်အထိ စောင့်၍ အရည်ပျစ်လာလျှင် မီးဖိုပေါ်မှချထားပါ။
ပဲပြားကြော်ရန်
- ပဲပြားကို အရွယ်တော် အတုံးငယ်လေးများပိုင်း၍ ဂျုံမှုန့်ကပ်ပေးပါ။ ထို့နောက် ဆီထဲထည့်ကာ ရွှေရောင် သန်းလာသည်အထိကြော်ပေးပါ။ပြီးလျှင် ဇလုံတစ်ခုထဲထည့်ကာ အအေးခံထားသော အချဉ်ရည်လောင်း၍ ကောင်းမွန်စွာမွှေပါ။နောက်ဆုံးမှာတော့ ကြက်သွန်မြိတ်အုပ်ပြီး အရသာရှိမွှေးကြိုင်နေမယ့် ပဲပြားကြော် ချိုချဉ်စပ်ကို သုံးဆောင်နိုင်ပါပြီ။
Source: The Spice Train (Nicole Branan)