အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ဟင်းချက်ဖို့ အချိန်သိပ်မရတဲ့သူတွေ အလုပ်များတဲ့ အိမ်ရှင်မတွေအတွက် အချိန် ၁၀ မိနစ်အတွင်း ကြော်စားလို့ရတဲ့ ကြက်သားကြော် ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အရေခွံနှင့် အရိုးတို့ဖယ်ထားသည့် ကြက်ရင်အုံသား ၁ ပေါင် (အနေတော် အတုံးတုံးထားပါ)
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဆန်မှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ဟင်းသီးဟင်းရွက်ဆီ
  • ပါးပါးလှီးထားသော ဂျင်း စားပွဲတင်ဇွန်း ၁ ဇွန်း၊ ၂ ဇွန်းခန့်

  • ကြက်သွန်ဖြူ ၃ မြွှာ (ပါးပါးလှီးထားပါ)
  • သကြား လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ကြက်သွန်မြိတ် ၅ ပင် (၂ လက်မ အရှည်ခန့် လှီးဖြတ်ထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အလတ်စားပန်ကန်လုံးထဲမှာ ကြက်သားတုံးများကို ပဲငံပြာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ဆန်မှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်းနှင့် ဟင်းသီးဟင်းရွက်ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့ဖြင့် သမအောင် ရောမွှေထားလိုက်ပါ။ ဒယ်အိုးကို အပူပေးပြီး ဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပြီးနောက် ကြက်သားတုံးများထည့်ကာ ကြော်ပေးလိုက်ပါ။ ကြက်သားတုံးရဲ့ ဖြူဖျော့ဖျော့အရောင်များ ပျောက်သွားပါက ပန်းကန်ထဲ ပြောင်းထည့်ထားလိုက်ပါ။

၂။ မီးအပူချိန်ကို လျော့လိုက်ပြီးနောက် ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း ထပ်ထည့်ပြီး ဂျင်းထည့်ကာ ၁ မိနစ်ခန့် ကြော်လိုက်ပါ။ ထို့နောက် ကြက်သွန်ဖြူနဲ့ သကြားတို့ထည့်ပြီး ၂ မိနစ်ခန့် ထပ်ကြော်ပေးလိုက်ပါ။

၃။ တစ်ဆက်တည်းမှာပဲ ဒယ်အိုးထဲသို့ ကြက်သားကြော်များပြန်ထည့်ပြီး ကြက်သွန်မြိတ်များနှင့် ပဲငံပြာရည် စားပွဲတင်ဇွန်း တစ်ဇွန်းထည့်ကာ ၁ မိနစ်ခန့် ကြော်ပေးရပါမယ်။

ဒါဆိုရင်တော့ အရသာရှိတဲ့ ကြက်သားကြော် ပူပူနွေးနွေးလေးကို ထမင်းနဲ့ အရသာရှိရှိ တွဲဖက်သုံးဆောင်နိုင်ပြီပဲဖြစ်ပါတယ်။

Source: thewoksoflife.com