အားလုံးပဲမင်္ဂလာပါနော်။ Sha Cha ကြက်သားအစပ်ကြော်က ကြက်သားကြော်ရမှာ အလုပ်မရှုပ်ချင်သူတွေအတွက်လည်း အဆင်ပြေပါတယ်။

ပါဝင်ပစ္စည်း

  • အရိုးမပါတဲ့ကြက်သား ၁၅ ကျပ်သား
  • ပဲငံပြာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ပြောင်းဖူးကော်မှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ဆီ
  • ဂျင်းတောက်တောက်စဉ်း စားပွဲတင်ဇွန်း ၁ ဇွန်း (သို့) ၂ ဇွန်း

  • ကြက်သွန်ဖြူ ၃ မွှာ ပါးပါးလှီးပါ
  • တရုတ်ဆော့လ်တစ်မျိုးဖြစ်တဲ့ Sha Cha ဆော့လ် စားပွဲတင်ဇွန်း ၃ ဇွန်း
  • သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ကြက်သွန်မြိတ် ၅ ပင် (၂ လက်မအရှည်လောက်ဆီလှီးလိုက်ပါ။)

ပြုလုပ်နည်း

ခွက်တစ်ခုထဲမှာ ကြက်သားတုံးလေးတွေကိုထည့်လိုက်ပါ။ ပြီးရင်တော့ ပဲငံပြာရည်၊ ပြောင်းဖူးကော်မှုန့် နဲ့ ဆီစားပွဲတင်ဇွန်း ၁  ဇွန်းထည့်လိုက်ပြီး သေချာမွှေပေးလိုက်ပါ။

ပြီးရင်တော့ အိုးထဲမှာ ဆီလေးနည်းနည်းထည့်ပြီး ကြက်သာထည့်လိုက်ကာ ကြော်လိုက်ပါ။ ကြက်သားလေး ပန်းရောင်သန်းလာရင် ဆယ်ထားလိုက်ပါ။

ပြီးရင်တော့ နောက်ထပ် ဆီနည်းနည်းထည့်လိုက်ပြီး ဂျင်းကိုထည့်လိုက်ပါ။ ပြီးရင် ကြက်သွန်ဖြူ၊ Sha Cha ဆော့လ်နဲ့ သကြားထည့်လိုက်ပြီး မွေလိုက်ပါ။

ပြီးရင်တော့ ကြက်သားကိုပြန်ထည့်လိုက်ပြီး ထပ်ကြော်ပေးလိုက်ပါ။ ရပြီဆိုရင်တော့ ကြက်သွန်မြိတ်ကို ထည့်လိုက်ပြီး ထမင်းပူပူနဲ့ သုံးဆောင်နိုင်ပါတယ်နော်။

Source: www.thewoksoflife.com

By: MyFood Myanmar