စတော်ဘယ်ရီသီးကို ဒီအတိုင်း မစားချင်ရင်လဲ ကျန်းမာရေးနဲ့ ညီညွတ်စွာ ဖျော်ရည်ဖျော် သောက်လို့ ရပါတယ်။ အခုလို အလွန်ပူအိုက်နေတဲ့ နွေရာသီမှာဆိုရင် ရင်အေးစေပြီး ဆီးချိုအတွက်လည်း အလွန်သင့်တော်လို့ အကောင်းဆုံးပါပဲ။
ပါဝင်ပစ္စည်း
- စတော်ဘယ်ရီသီး – ၁ ခွက် (မုန့်ဖုတ်ရန်တိုင်းသောခွက်)
- နွားနို့ – ၂ ခွက် (မုန့်ဖုတ်ရန်တိုင်းသောခွက်)
- ပျားရည် – ၁ ဇွန်း (စားပွဲဇွန်း)
- Vanilla – ၁ ဇွန်း (လက်ဖက်ဇွန်း)
- ဒိန်ချဉ်ခဲ – ၅ ဇွန်း (စားပွဲဇွန်း)
- ပန်းသီးစိမ်း – ၁ စိတ် (အလှဆင်ရန် ပါးပါးလေးလှီးထားပါ)
- လိမ္မော်သီး – ၁ စိတ် (အလှဆင်ရန် ပါးပါးလေးလှီးထားပါ)
- စတော်ဘယ်ရီ – ၂ လုံး (အလှဆင်ရန် စိတ်ထားပါ)
ပြုလုပ်နည်း
- ဖျော်ရည်စက်ထဲကို အလှဆင်ရန် အသီးများက လွဲလို့ ကျန်ပစ္စည်းများ အားလုံး ထည့်မွှေပါ ။
- ကိုယ်လိုရာ ခွက်ထဲ ထည့်ပြီး အသီးလေးများနဲ့ အလှဆင်ပြီး သောက်သုံးနိုင်ပါပြီ ။
- မှတ်ချက်- ဒိန်ချဉ်ခဲ မထည့်ပဲ vanilla ရေခဲမုန့်နဲ့ အစားထိုးလဲ ရပါတယ် ။