(Zawgyi Version)
အမဲသားအရမ္းႀကိဳက္တဲ့သူေတြဆိုရင္ေတာ့ အမဲသားေၾကာ္ကို ထမင္းျဖဴေလးနဲ႔တဲြစားရတာ သေဘာက်ၾကမွာပါ။ ဒီလိုတဲြစားတဲ့အခါမွာ အရသာရွိၿပီး စားလို႔ပိုေကာင္းေအာင္၊ စားခ်င္စဖြယ္ေလးျဖစ္ေနေအာင္ လြယ္ကူတဲ့နည္းလမ္းနဲ႔ အမဲသားေၾကာ္နည္းကို မွ်ေဝေပးလိုက္ပါတယ္။
အမဲသား – ၂၅၀ ဂရမ္ကို ကုဗတံုးပံု အတံုးေလးေတြတံုးၿပီး ပန္ကန္လံုးထဲထည့္ပါ။
ခရုဆီ – စားပဲြတင္ဇြန္း ၁ ဇြန္း၊ ငံျပာရည္ – စားပဲြတင္ဇြန္း တစ္ဝက္၊ ငါးငံျပာရည္ – စားပဲြတင္ဇြန္း တစ္ဝက္၊ သၾကား – လက္ဖက္ရည္ဇြန္း ၁ ဇြန္း၊ ပဲငံျပာရည္ – လက္ဖက္ရည္ဇြန္း ၁ ဇြန္းတို႔ကို ထည့္ၿပီး သမေအာင္နယ္ပါ။
ၾကက္သြန္ျဖဴ အတက္ႀကီး ၁ တက္ကို ျခစ္ၿပီး ထည့္ပါ။ ငရုပ္ေကာင္းမႈန္႔ – လက္ဖက္ရည္ဇြန္း တစ္ဝက္ကို ထည့္ၿပီး သမေအာင္ထပ္နယ္ပါ။
ခရမ္းခ်ဥ္သီး အေသးေလးေတြရွိရင္လည္း ထည့္ေပးပါ။ အေသးမရွိရင္ အႀကီးကိုပဲ အထဲက အေစ့ေတြထုတ္ၿပီး အတံုးႀကီးႀကီးေလးေတြ လွီးထည့္ပါ။
ဒယ္အိုးထဲကို ဆီ နည္းနည္းထည့္ၿပီး အမဲသားေတြ ထည့္ေၾကာ္ပါမယ္။ ေၾကာ္တဲ့အခါမွာ ဒယ္အိုးကို Shake လုပ္လုပ္ၿပီး (လႈပ္ၿပီး) ေၾကာ္ေပးပါ။
အမဲသားရေလာက္ၿပီဆိုရင္ ခရမ္းခ်ဥ္သီးေတြ ထည့္ပါ။ ႏူးၿပီဆိုရင္ ခူးထုတ္ပါမယ္။
အမဲသားေၾကာ္တာ ႏူးၿပီဆိုရင္ေတာ့ ပန္းကန္ျပားထဲကို ေၾကာ္ထားတဲ့ အမဲသားေတြခူးထည့္ၿပီး ထမင္းျဖဴေလးနဲ႔ တဲြစားလိုက္ရံုပါပဲ။
ထမင္းနဲ႔မစားခ်င္ရင္ ပန္းကန္ထဲကို ဆလပ္ရြက္ပဲျဖစ္ျဖစ္၊ ေဂၚဖီပဲျဖစ္ျဖစ္ ထည့္ၿပီး အမဲသားေၾကာ္ေလးနဲ႔ တဲြစားလို႔လည္းရပါေသးတယ္။ ဒါဆိုရင္ေတာ့ အရသာရွိၿပီး ေၾကာ္ရတာလြယ္ကူတဲ့ အမဲသားေၾကာ္ကို ရရွိသြားပါၿပီ။
Photo Source: www.pailin’skitchen.com
(Unicode Version)
အမဲသားအရမ်းကြိုက်တဲ့သူတွေဆိုရင်တော့ အမဲသားကြော်ကို ထမင်းဖြူလေးနဲ့တွဲစားရတာ သဘောကျကြမှာပါ။ ဒီလိုတွဲစားတဲ့အခါမှာ အရသာရှိပြီး စားလို့ပိုကောင်းအောင်၊ စားချင်စဖွယ်လေးဖြစ်နေအောင် လွယ်ကူတဲ့နည်းလမ်းနဲ့ အမဲသားကြော်နည်းကို မျှဝေပေးလိုက်ပါတယ်။
အမဲသား – ၂၅၀ ဂရမ်ကို ကုဗတုံးပုံ အတုံးလေးတွေတုံးပြီး ပန်ကန်လုံးထဲထည့်ပါ။
ခရုဆီ – စားပွဲတင်ဇွန်း ၁ ဇွန်း၊ ငံပြာရည် – စားပွဲတင်ဇွန်း တစ်ဝက်၊ ငါးငံပြာရည် – စားပွဲတင်ဇွန်း တစ်ဝက်၊ သကြား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ပဲငံပြာရည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့ကို ထည့်ပြီး သမအောင်နယ်ပါ။
ကြက်သွန်ဖြူ အတက်ကြီး ၁ တက်ကို ခြစ်ပြီး ထည့်ပါ။ ငရုပ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း တစ်ဝက်ကို ထည့်ပြီး သမအောင်ထပ်နယ်ပါ။
ခရမ်းချဉ်သီး အသေးလေးတွေရှိရင်လည်း ထည့်ပေးပါ။ အသေးမရှိရင် အကြီးကိုပဲ အထဲက အစေ့တွေထုတ်ပြီး အတုံးကြီးကြီးလေးတွေ လှီးထည့်ပါ။
ဒယ်အိုးထဲကို ဆီ နည်းနည်းထည့်ပြီး အမဲသားတွေ ထည့်ကြော်ပါမယ်။ ကြော်တဲ့အခါမှာ ဒယ်အိုးကို Shake လုပ်လုပ်ပြီး (လှုပ်ပြီး) ကြော်ပေးပါ။
အမဲသားရလောက်ပြီဆိုရင် ခရမ်းချဉ်သီးတွေ ထည့်ပါ။ နူးပြီဆိုရင် ခူးထုတ်ပါမယ်။
အမဲသားကြော်တာ နူးပြီဆိုရင်တော့ ပန်းကန်ပြားထဲကို ကြော်ထားတဲ့ အမဲသားတွေခူးထည့်ပြီး ထမင်းဖြူလေးနဲ့ တွဲစားလိုက်ရုံပါပဲ။
ထမင်းနဲ့မစားချင်ရင် ပန်းကန်ထဲကို ဆလပ်ရွက်ပဲဖြစ်ဖြစ်၊ ဂေါ်ဖီပဲဖြစ်ဖြစ် ထည့်ပြီး အမဲသားကြော်လေးနဲ့ တွဲစားလို့လည်းရပါသေးတယ်။ ဒါဆိုရင်တော့ အရသာရှိပြီး ကြော်ရတာလွယ်ကူတဲ့ အမဲသားကြော်ကို ရရှိသွားပါပြီ။
Photo Source: www.pailin’skitchen.com