ပါဝင်ပစ္စည်းများ

  • ရှမ်းပဲပုပ်ပြား
  •  ကြက်သွန်နီ
  • ငရုတ်သီးစိမ်း
  • နံနံပင်
  • သံပုရာသီး အနည်းငယ်စီ
  • ဆား
  • ပဲဆီ

သုပ်နည်း

  1. ရှမ်းပဲပုပ်ကို မီးအေးအေးနဲ့ မွှေးနေအောင် ကင်ပါ ။
  2. ကြက်သွန်နီ ပါးပါးလှီး ရေဆေး စင်အောင် စစ်ပါ ။
  3. ငရုတ်သီးစိမ်း ၊  နံနံပင် ၊ သံပုရာသီး အနည်းငယ်စီ ၊ ဆား  ၊ ပဲဆီ ထမင်းစားဇွန်း တဇွန်း ပုံပါ အတိုင်း ပြင်ဆင်ပြီး စားခါနီး ခတ်ဖွဖွလေး သုပ်ပြီး သုံးဆောင်ပါ။

Credit: Nang Thanda Oo