ပါဝင်ပစ္စည်းများ
- ခစော့ချိုသီး
- ခရမ်းချဉ်သီး
- ပဲပုပ်
- ကြက်သွန်ဖြူ
- ငရုတ်သီးစိမ်း
- ဆား
- ဟင်းချိုမှုန့်
- ရှမ်းနံနံ
- ပင်စိမ်း
ပြုလုပ်နည်း
- ခစော့ချိုသီးကို အိုးထဲတွင် လှော်ပါ ။
- ခရမ်းချဉ်သီးကို မီးဖုတ်ပါ ။ ပဲပုပ်ကို မီးကင်ပြီး မှုန့်နေအောင် ထောင်းပါ ။
- ပြီးလျင် ကြက်သွန်ဖြူ ၊ ငရုတ်သီးစိမ်း ၊ ပဲပုပ်မှုန့် ၊ ဆား ၊ ဟင်းချိုမှုန့် ၊ ရှမ်းနံနံ ၊ ပင်စိမ်း အားလုံးကို ရောထောင်း လိုက်ပါ ။
Credit: Phyu Phyuhnin