အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ အားလုံးလည်း အကြိုက်တွေ့ကြမယ့် နာမည်ကျော် အစားအစာတစ်ခုဖြစ်တဲ့ တို့ဟူးသုပ် ချဉ်ငံစပ်လေး သုပ်စားကြရအောင်ပါ။
တို့ဟူးကျိုရန်
တို့ဟူးကို အသင့်လုပ်ထားတာ ဝယ်လည်းရပါတယ်။ တကယ်လို့ အိမ်မှာ ကိုယ့်ကိုယ်ချက်ချင်ရင်တော့ အောက်ပါ ပါဝင်ပစ္စည်းတွေလိုအပ်ပါမယ်။
- ကုလားပဲအစိမ်းမှုန့် (သို့) ကုလားပဲကို ရေစိမ်ပြီး ကျိတ်ပါ ၁ ဘူးခန့်
- နနွင်းမှုန့် အနည်းငယ်
- ဆား အနည်းငယ်
- သကြား အနည်းငယ်
- အချိုမှုန့်အနည်းငယ်
တို့ဟူးကို ကျိုးဖို့အတွက် ကုလားပဲမှုန့်ကို ရေ နဲ့ရောလိုက်ပြီး သမအောင်နယ်လိုက်ပါ။ ပီးရင် သေချာလေး မွှေပေးပါ။ နနွင်းနည်းနည်းထည့်မွေပါ။ အဲဒီနောက် မီးနည်းနည်းနဲ့ ကျိုပေးပါ။ ကျိုမေချိန်မှာ အဆက်မပြတ် မွေထားရပါမယ်။
တို့ဟူးနွေးမပျစ်တပျစ်လေးဖြစ်လာရင် မီးပိတ်လိုက်ပါ။ ပြီးရင် ပန်းတစ်ခုထဲထည့်ပြီး အေးအောင်ထားထားပါ။ တစ်ညလောက်ထားရင်လည်း ရပါတယ်။
တို့ဟူးသုပ် ဖို့ပါဝင်ပစ္စည်းများ
- တို့ဟူး ပါးပါးလှီးထား
- ဂေါ်ဖီအနည်းငယ်ပါးပါးလှီးပါ
- ကြက်သွန်နီဥကြီး ပါးပါးလှီးပါ
- နံနံပင် ခပ်ပါးပါးလှီးပါ
- ကြက်သွန်ဖြူဆီချက် အနည်းငယ်
- မန်ကျဉ်းမှည့် အရည်အနည်းငယ်
- ငရုတ်သီးမှုန့် အနည်းငယ်
- ပဲငံပြာရည်အကြည်အနည်းငယ်
- ပဲငံပြာရည်အနောက် အနည်းငယ်
- ပုစွန်ခြောက်မှုန့်အနည်းငယ်
- မြေပဲထောင်း အနည်းငယ်
ပြုလုပ်နည်း
တို့ဟူးသုပ်ဖို့အတွက် ပါဝင်ပစ္စည်းတွေအားလုံးကို သင့်သလို ထည့်လိုက်ပါ။ ပြီးရင် ခပ်ဖွဖွလေးနယ်ပေးပြီး သုံးဆောင်နိုင်ပါတယ်နော်။ နံနံပင်ကို အပေါ်ကနေ ဖြူးထည့်ပေးလိုက်ပါ။ ကဲ တို့ဟူးသုပ် ချဉ်ငံစပ်လေး သုံးဆောင်လို့ရပါပြီနော်။
Photo: www.pinterest.com
By: MyFood Myanmar