ကျန်းမာရေးနဲ့ ညီညွှတ်ပြီး ပရိုတင်းဓာတ် ကြွယ်ဝတဲ့ အစားအစာကိုမှ စားသုံးချင်သူများအတွက် ဒီတစ်ခါမှာတော့ အာဟာရပြည့်ဝတဲ့ ကြက်ပေါင်းစွပ်ပြုတ် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်သား ၁၀၀ ၈ရမ်
  • ဂျင်းပြား ၁၀ ပြား
  • ကြက်သွန်မြိတ် ၂ ပင် (စိမ်းသော အစိတ်အပိုင်းများ မယူဘဲ ကြက်သွန်မြိတ်ရဲ့အမြစ်နားက အဖြူရောင်အစိတ်အပိုင်းသာ ယူပါမယ်)
  • ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၄ ဇွန်း
  • ငါးငံပြာရည် လက်ဖက်ရည်ဇွန်း ၄ ပုံ ၃ ပုံ

  • ကြက်ပြုတ်ရည် အနည်းငယ်
  • ပါးပါးလှီးထားသော ကြက်သွန်မြိတ်နှင့် နံနံပင် အနည်းငယ်
  • ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်း၊ ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်နှင့် နှမ်းဆီ စားပွဲတင်ဇွန်း ၄ ပုံ ၃ ပုံ (ကြက်သားနှပ်ရန်အတွက်)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပထမဦးဆုံး ကြက်သားကို ဆား၊ ဟင်းချက်ဝိုင်၊ နှမ်းဆီတို့ဖြင့် သမအောင် နယ်ပါ။ ထို့နောက် ပန်းကန်ပြားတစ်ချပ်ထဲထည့်ကာ ဂျင်းပြား ၁၀ ပြား၊ ကြက်သွန်မြိတ်များဖြင့် ပေါင်းအိုးထဲထည့်ကာ အလယ်အလတ်မီးအပူချိန်ဖြင့် ၁၅ မိနစ်ခန့် ပေါင်းပေးလိုက်ပါ။

၂။ ရရှိလာတဲ့ ကြက်ပေါင်းကို ဇောက်နက်သော လင်ဗန်းထဲ ပြောင်းထည့်ထားပါ။ ကြက်သားပေါင်းစဉ်က ရရှိလာတဲ့ အရည်ကို ဆန်ခါဖြင့် စစ်ကာ ကြက်သားလင်ဗန်းထဲ လောင်းထည့်လိုက်ပါ။

၃။ ထို့နောက် ကြက်သားတုံးများ မြှုပ်သွားသည်အထိ ကြက်ပြုတ်ရည် လောင်းထည့်လိုက်ပါ။ ဟင်းချက်ယိုင်၊ ငါးငံပြာရည်များထည့်ကာ သမအောင် ရောမွှေပါ။

၄။ ထိုလင်ဗန်းကို လုံအောင်အုပ်ထားပြီးနောက် ရေခဲသေတ္တာထဲတွင် တစ်ညခန့်မှ ငါးရက်ကြာသည်အထိ နှပ်ထားနိုင်ပါတယ်။

စားခါနီးကျမှ မိုက်ခရိုဝေ့ဖ် (သို့) မီးဖိုပေါ်တင်ပြီး နွှေးစားနိုင်ပါတယ်။

နံနံပင်နှင့် ကြက်သွန်မြိတ်ကြိုက်နှစ်သက်ပါက ဖြူးထည့်ပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ကြက်ပေါင်းစွပ်ပြုတ်လေး ရရှိသွားပါပြီ။

Source: Noobcook.com