အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ မုန့်လုပ်နည်းလေးကတော့ သစ်သီးကိတ်အချိုပွဲပဲဖြစ်ပါတယ်။ ပါဝင်ပစ္စည်း နည်းနည်းလေးပဲလိုအပ်ပြီး ပြုလုပ်နည်းကလည်း လွယ်ကူတဲ့အတွက်ကြောင့် မိမိအိမ်မှာ အလွယ်တကူလုပ်စားနိုင်တဲ့ မုန့်လေးပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဘက်စုံသုံးဂျုံမှုန့် စားပွဲတင်ဇွန်း ၃၂ ဇွန်း
  • သကြား စားပွဲတင်ဇွန်း ၆ ဇွန်း
  • မုန့်ဖုတ်ပေါင်ဒါနှင့် မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲစီ
  • ထောပတ်နွားနို့ စားပွဲတင်ဇွန်း ၄၀ ဇွန်း (ဖန်ခွက် ၂ ခွက်ခွဲ)
  • ကြက်ဥ ၂ လုံး

ကြက်သားမှုန့်က ကျန်းမာရေးနဲ့ ညီညွတ်ပါသလား

  • ဆီ စားပွဲတင်ဇွန်း ၃ ဇွန်း
  • အလှဆင်ရန်အတွက် လတ်ဆတ်သော သစ်သီးများ (သို့) ချောကလက်များ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ Oven ကို ၃၅၀ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားပါ။ လင်ဗန်းကို ဆီဖြင့် သုတ်လိမ်းထားပါ။

၂။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် ဂျုံမှုန့်၊ သကြား၊ မုန့်ဖုတ်ပေါင်ဒါနှင့် မုန့်ဖုတ်ဆိုဒါတို့ကို သမအောင် ရောမွှေထားလိုက်ပါ။

ထောပတ်နွားနို့၊ ကြက်ဥနှင့် ဆီတို့ထည့်ကာ သမအောင် မွှေခလောက်ပေးလိုက်ပါ။

၃။ ရရှိလာတဲ့ မုန့်နှစ်များကို လင်ဗန်းပေါ်တွင် လောင်းထည့်ပြီးနောက် ဇွန်းအပြားဖြင့် မျက်နှာပြင်ကို ညီညာအောင် ညှိလိုက်ပါ။

ထို့နောက် လတ်ဆတ်သော သစ်သီးများကို မုန့်နှစ်ထဲ ထည့်နှစ်နိုင်ပါတယ်။

၄။ ထိုလင်ဗန်းကို Oven ထဲတွင် ၁၅ မိနစ်၊ ၁၇ မိနစ်ခန့် ထည့်ဖုတ်လိုက်ပါ။

၅။ သတ်မှတ်ချိန်ပြည့်တဲ့အခါမှာတော့ Oven ထဲကထုတ်ပြီး လေးထောင့်အတုံးငယ်များ လှီးဖြတ်ထားလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ သစ်သီးကိတ် အချိုပွဲလေး ရရှိသွားပါပြီ။

Source: Kirbiecravings.com